POST TYPE
POLITICAL
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ပထမဦးဆုံးအကြိမ် တက်ရောက်
24-Jul-2016
ရန်ကုန်၊ ဇူလိုင် ၂၃
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဇူလိုင်လ ၂၃ ရက်မှ ၂၆ ရက်နေ့ထိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် လာအိုနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းမြို့တွင် ကျင်းပခြင်း ဖြစ်သည်။
ယင်းအစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ လာအိုနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ပူးတွဲရယူထားသော ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ပထမဦးဆုံးအကြိမ် တက်ရောက်ခြင်း ဖြစ်သည်။
ဇူလိုင်လ ၂၃ ရက် အစည်းအဝေး ပထမနေ့တွင် အရှေ့တောင်အာရှ နျူကလီးယားကင်းမဲ့ဇုန်ဆိုင်ရာ ကော်မရှင် အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအပြီးတွင် အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများ ဖြစ်သော အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများ စုပေါင်းတွေ့ဆုံပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ်ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019