News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲ၌ SNLD က လစ်လပ်နေရာ နှစ်ခုတွင် ဝင်ပြိုင်မည်
ရန်ကုန်၊ ဇူလိုင် ၈

ယခုနှစ် နိုဝင်ဘာလ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ မန္တလေးနှင့်လဲချား လစ်လပ်မဲဆန္ဒနယ်နှစ်နေရာတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“နှစ်နေရာ ပြိုင်မယ်။ ကိုယ်စားလှယ်လောင်းတွေက ဒေသခံကို ဦးစားပေးရွေးတယ်။ ပြည်သူ့လွှတ်တော်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းဆို နိုင်ငံရေးရေချိန်ကို ထည့်တွက်ပါတယ်။ ဒေသခံချည်းပဲ မဟုတ်တော့ဘူး”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်သည့် “အနာဂတ်မြန်မာနိုင်ငံ ၂၀၅၀” စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် ဦးစိုင်းညွန့်လွင်က The Voice Daily မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲအတွက် မန္တလေးတိုင်းဒေသကြီး ရှမ်းလူမျိုး တိုင်းရင်းသားရေးရာဝန်ကြီးနေရာ၌ SNLD ပါတီကိုယ်စားပြု ဒေါ်နန်းထွေးမွန်နှင့် လဲချားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာ၌ ဦးစိုင်းအဂ္ဂတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁ နေရာနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၈ နေရာ စုစုပေါင်း ၁၃ နေရာတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်၌ လက်ရှိအာဏာရအစိုးရက လစ်လပ်နေရာ ၁၉ ခုအတွက် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့သည်။ 

J-17