News

POST TYPE

POLITICAL

ဇနီးသည်က ခင်ပွန်း၏ ဦးခေါင်းကို ရေနွေးပူနှင့်လောင်း
26-Jun-2018

ရန်ကုန်၊ ဇွန် ၂၅

တိုက်ကြီးမြို့နယ်၊ ဖက်ဝန်းကုန်း ကျေးရွာအုပ်စု၊ ဘေးမဲ့ရွာတွင် လင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှ ခင်ပွန်း ဖြစ်သူ၏ ဦးခေါင်းပေါ်မှနေ၍ ရေနွေးပူလောင်းချခဲ့သော အသက် ၃၁ နှစ်အရွယ် ဇနီးဖြစ်သူကို အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၂၄ ဖြင့် တိုက်ကြီးမြို့နယ် ကတိုင်စိန် ရဲကင်းစခန်းတွင် အမှုဖွင့်ခံရသော အမျိုးသမီးမှာ ဇွန်လ ၂၃ ရက်နေ့က အသက် ၃၀ နှစ်အရွယ်ရှိ ၎င်း၏ ခင်ပွန်းဖြစ်သူနှင့် စကားများရန်ဖြစ်ခဲ့ပြီးနောက် ၎င်းမှခင်ပွန်းဖြစ်သူ၏ ဦးခေါင်းပေါ်မှနေ၍ ရေနွေးပူများကို လောင်းချခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ရေနွေးပူ လောင်းချခံရသည့် အမျိုးသားမှာ ဦးခေါင်း၊ မျက်နှာ၊ ကျောကုန်းနှင့်လက်တို့တွင် အပူလောင်ဒဏ်ရာများရခဲ့ပြီး တော်လတီ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသောကြောင့် ၎င်း၏ညီဖြစ်သူက တရားလိုပြုလုပ်၍ အစ်ကို၏ ဇနီးဖြစ်သူကို အမှုဖွင့်တိုင်ကြားလာခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03

  • VIA