News

POST TYPE

POLITICAL

အာဆီယံဒေသ ဇီဝမျိုးစုံမျိုးကွဲ ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်
22-Jun-2018
ရန်ကုန်၊ ဇွန် ၂၁

အာဆီယံဒေသ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုကို ဖော်ထုတ်တင်ပြနိုင်ရန် ရည်ရွယ်၍ “Capturing the Richness of Biological Resources in the ASEAN Region” ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများထံမှသိရသည်။

အဆိုပါပြိုင်ပွဲကို ဥရောပသမဂ္ဂ၏ပံ့ပိုးမှုဖြင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ (The Asean Centre for Biodiversity) ဗဟိုဌာနက ကြီးမှူးကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲကို အာဆီယံဒေသတွင်း နိုင်ငံများမှ ဓာတ်ပုံဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

ပြိုင်ပွဲတွင် ကမ်းရိုးတန်းနှင့် အဏ္ဏဝါ ဇီဝမျိုးစုံမျိုးကွဲ၊ စိုက်ပျိုးသီးနှံ ဇီဝမျိုးစုံမျိုးကွဲ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ၊ မြို့ပြဝန်းကျင် ဇီဝမျိုးစုံမျိုးကွဲများ၊ ရေဝပ်ဒေသများနှင့် သစ်ဆွေးမြေစသည့် ကဏ္ဍများကို ထင်ဟပ်ပြနိုင်သည့် ဓာတ်ပုံများဖြင့် ယှဉ်ပြိုင်နိုင်ကြောင်း ကြေညာထားသည်။

စိတ်ပါဝင်စားသူများအနေနှင့် www. aseanbiodiversity.org/zoomingin ၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထား၍ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပထမဆုအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယဆုကို အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် တတိယဆုကို အမေရိကန်ဒေါ်လာ ၅၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာန ဖုန်းနံပါတ် ဝ၆၇ - ၃၄၀၅၀၀၂ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။

E-03


  • VIA