News

POST TYPE

POLITICAL

မြောက်ဦးမြို့ လူငယ်များ အမှိုက်ကင်းစင်ရေး လှုပ်ရှားမှုလုပ်
22-May-2018

စစ်တွေ၊ မေ ၂၁

မြောက်ဦးမြို့နယ်တွင် သျှစ်သောင်း ဘုရားပွဲတော်ပြီးသည့်အထိ ဒေသခံလူငယ်များ စုပေါင်းကာ အမှိုက်ကောက်လှုပ်ရှားမှု Keep  Mrauk U Clean Campain ကို မေလ ၂၉ ရက်မှ ဇွန်လ ၂ ရက်အထိ လုပ်ဆောင်နေကြောင်း ဦးဆောင်သူ ကိုခိုင်မင်းသျှင်က ပြောသည်။

“အဓိကတော့ နှစ်တိုင်းပွဲပြီးသွားရင် အမှိုက်တွေ တစ်မြို့လုံး ကျန်ခဲ့တယ်၊ ဒီနှစ်မှာများ လျော့သွားမလားပေါ့၊ အမှိုက်တွေကို စည်းစနစ်တကျနဲ့ စွန့်ပစ်ကြဖို့အတွက် လုပ်တာဖြစ်တယ်”ဟု ကမ်ပိန်းဦးဆောင်အဖွဲ့မှ ကိုခိုင်မင်းသျှင်က ပြောသည်။

အဆိုပါကမ်ပိန်းကို မေလ ၂၀ ရက်နေ့ကစ၍ မြို့ပေါ်နေလူငယ်များ၊ နယ်မှလူငယ်များတို့အပြင် နိုင်ငံခြားသားအချို့လည်း ပါဝင်ခဲ့ကြောင်း၊ လက်ရှိတွင် ပညာပေးမှုများ လုပ်ဆောင်နေပြီး ရိုးရာလှေ (ပြိုင်လောင်း) ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲနှင့် ဘောလုံးကွင်းတို့တွင် အမှိုက်များကို ကောက်ယူသိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြောက်ဦးမြို့သည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော်တစ်ခုဖြစ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများလည်း အမြဲတစေ လာရောက်လည်ပတ်လျက်ရှိသည့် မြို့ဖြစ်သော်လည်း မြို့ပေါ်တွင် အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ခြင်းမရှိ၍ ညစ်ပတ်သော မြို့ဟောင်းဟုလည်း ပြည်သူများက ဝေဖန်သည်။ 

ယခုနှစ်ကျင်းပသော သျှစ်သောင်းဘုရားပွဲတော်၌ ညပွဲအဖြစ် ပွဲဈေးတန်းများ၊ ရိုးရာဇာတ်ပွဲများအပြင် မြန်မာ့ဇာတ်သဘင် စသည်တို့ မပါဝင်ဘဲ နေ့ပွဲများဖြင့်သာ ကျင်းပမည်ဖြစ်သည်။ 

R-22

  • VIA