News

POST TYPE

POLITICAL

တပ်မတော်အပေါ် နိုင်ငံတကာ ဖိအားပေးမှု ဆန့်ကျင်ရှုတ်ချပွဲ ရှမ်းအရှေ့ရှိ မြို့၃ မြို့တွင် လုပ်မည်
20-May-2018
ကျိုင်းတုံ၊ မေ ၂၀

မြန်မာ့တပ်မတော်အပေါ် ကျရောက်နေသော နိုင်ငံတကာ ဖိအားပေးမှုများ ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၁ ရက်မှစ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အပါအဝင် မြို့သုံးမြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါပွဲ ဦးဆောင်ကျင်းပမည့် အငြိမ်းစား တပ်မတော်သားများထံမှ သိရသည်။

“ဆန့်ကျင်ရှုတ်ချပွဲတွေကို ကျိုင်းတုံ၊ တာချီလိတ်နဲ့မိုင်းဆတ်မြို့တွေမှာလုပ်ကြဖို့ သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွေမှာ ခွင့်ပြုချက် တင်ထားကြပါတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။ 

အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲကို မေလ ၂၁ ရက်၌ လူ ၈၀၀၀ ဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင်လည်းကောင်း၊ မိုင်းဆတ်မြို့ အောင်ဇေယျကွင်းတွင် မေလ ၂၃ ရက်၌ လူဦးရေ ၇၀၀၀ ဖြင့်လည်းကောင်း၊ ကျိုင်းတုံမြို့ မြို့မအားကစားကွင်းတွင် မေလ ၂၅ ရက်နေ့၌ လူဦးရေ ၁၀၀၀၀ ဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

R-16