News

POST TYPE

POLITICAL

တိုက်ကြီးတွင် ခိုကိုးရာမဲ့ နိုင်ငံရေးအကျဉ်းသားများကို နေရာပေးမည်
တိုက်ကြီး၊ မတ် ၁၉

နေစရာမရှိသော နိုင်ငံရေးအကျဉ်းသားဟောင်းများကို တိုက်ကြီးမြို့နယ် မလေးရှားဝိုင်ကျေးရွာအုပ်စု အုန္နဲပင်ကျေးရွာတွင် မြေဝယ်ကာ နေရာချထားမည်ဖြစ်ကြောင်း တိုက်ကြီး (BG) သွေး ကူညီရေးအဖွဲ့ ဦးသက်ဦးက ပြောသည်။ 

အဆိုပါ နေရချထားပေးရေးအစီအစဉ်ကို ဝါးရုံပင်ဖောင်ဒေးရှင်း၊ သာယာဝတီထောင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့ 5J Club နှင့် အဖြူရောင်လက်များ ပရဟိတအဖွဲ့တို့မှ ပူးပေါင်းကာ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် တိုက်ကြီး သွေးကူညီရေးအဖွဲ့မှ သိန်း ၁၀၀ မတည်ပြီး မြေသုံးဧက စတင်ဝယ်ယူထားကြောင်း ၎င်းထံမှ သိရသည်။

အဆိုပါမြေပေါ်တွင် နေအိမ်များ ဆောက်လုပ်ကာ နိုင်ငံရေးအကျဉ်းသားဟောင်းများကို နေရာချပေးမည်ဖြစ်ပြီး အလုပ်အကိုင်များကိုလည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ခိုကိုးရာမဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို သေချာစိစစ်ကာ နေရာချပေးမည်ဖြစ်ကြောင်း တိုက်ကြီး (BG) သွေးကူညီရေးအဖွဲ့ထံမှ သိရသည်။ 

“နိုင်ငံရေး အကျဉ်းသားဟောင်းအများစုကတော့ မပြေလည်ကြဘူး၊ သူတို့အတွက် နေရာလေးတစ်ခုဖန်တီးမယ်၊ ခိုကိုးရာမဲ့တဲ့ နိုင်ကျဉ်းတွေလည်း ဝိုင်းဝန်း ကူညီကြတယ်၊ မကြာခင်မှာ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ဖို့ ကော်မတီတွေ ဖွဲ့ထားပါတယ်”ဟု တိုက်ကြီး (BG) သွေးကူညီရေးအဖွဲ့မှ ဦးသက်ဦးက ပြောသည်။ 

မြန်မာနိုင်ငံအတွင်း ခိုကိုးရာမဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများ ဆက်သွယ်ရန်နှင့် ပါဝင်လှူဒါန်းလိုသူများကို ဦးသက်ဦး ဖုန်း ဝ၉၅၀၂၈၃၀၀၊ ဦးကိုကိုအောင် ဝ၉၂၅၄၆၁၄၀၄၈ ထံ ဆက်သွယ်နိုင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

R-19