News

POST TYPE

POLITICAL

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုရေး အရေးကြီးအဆို ပြည်နယ် လွှတ်တော်က အတည်ပြု
14-Sep-2016

စက်တင်ဘာ ၁၄၊စစ်တွေ 

ရခိုင်ပြည်နယ်လွှတ်တော်တွင် စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦး တင်သွင်းခဲ့သည့် မစ္စတာကိုဖီအာနန် ဦးဆောင်သော ကော်မရှင်ကို အသိအမှတ်မပြုရေး အရေးကြီးအဆိုကို ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်သည် ရခိုင်ပြည်သူများ၏ သဘောတူညီချက်ကို ရယူလျက် ဖွဲ့စည်းခဲ့ခြင်း မဟုတ်သည့်အတွက် ထိုကော်မရှင်၏ ဖွဲ့စည်းရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များ အားလုံးကို ရခိုင်ပြည်နယ် လွှတ်တော်က အသိအမှတ် မပြုသင့်ကြောင်း အရေးကြီးအဆို လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးမှ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ဖြစ်သည်။

 "အဆိုကို ထောက်ခံဆွေးနွေးတာက ရခိုင်အမျိုးသားပါတီက ၁၂ ဦး၊ ကြံခိုင်ရေးက ၁ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁ ဦးတို့ ဆွေးနွေးခဲ့ကြပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြတာဖြစ်ပါတယ်"ဟု မြောက်ဦးမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဝင်းက ပြောကြားသည်။

 ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၄ ဦးတို့မှ တင်ပြတောင်းဆိုမှုနှင့် ဒေသတွင်း ဖြစ်ပေါ်နေသည့် ကိစ္စရပ်များအပေါ်တွင် မူတည်၍ ကျင်းပရခြင်းဖြစ်ပြီး၊ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၂/၂၀၁၆) ဒုတိယနေ့တွင် တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၄၇ ဦး ရှိသည့်အနက် ၄၁ဦး တက်ရောက်ခဲ့ပြီး ကျန် ၆ ဦးမှာ ခွင့်တိုင်ကြားခဲ့သည်။

  • VIA