News

POST TYPE

POLITICAL

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ပြန်လည်ဖွဲ့စည်းသင့်ကြောင်း တိုက်တွန်းသည့် အရေးကြီးအဆို ရှုံးနိမ့်
06-Sep-2016 tagged as နိုင်ငံရေး

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် ဖွဲ့စည်းခြင်းနှင့်ပတ်သက်သည့် ဦးအောင်ကျော်ဇံ၏ အရေးကြီးအဆိုကို ယနေ့(စက်တင်ဘာ ၆ ရက်)တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် ယင်းအရေးကြီးအဆိုမှာ ရှုံးနိမ့်သွားခဲ့သည်။

ဦးအောင်ကျော်ဇံတင်သွင်းသည့် အရေးကြီးအဆိုမှာ "နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ (၂၄-၈-၂၀၁၆)နေ့ သတင်းထုတ်ပြန်ချက်အရ ဖွဲ့စည်းသွားမည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်တွင် နိုင်ငံခြားသား သုံးဦးပါဝင်နေခြင်းသည် မိမိနိုင်ငံ၏ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာပြဿနာအဖြစ် ဖန်တီးရာရောက်စေပါသဖြင့် အဆိုပါ ကော်မရှင်တွင် ပြည်တွင်းမှ တတ်သိပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း နိုင်ငံတော်အစိုးရအား တိုက်တွန်းသည့် အရေးကြီးအဆို"ဖြစ်သည်။

ယင်းအရေးကြီးအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ့ ၁၄၈ မဲ၊ ကန့်ကွက်မဲ ၂၅၀ မဲ၊ ကြားနေတစ်မဲဖြင့် ကန့်ကွက်မဲများသဖြင့် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။