News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် တရုတ် အထူးသံတမန်နှင့် ရခိုင်ကိစ္စ၊ ၂၁ ပင်လုံအရေး ဆွေးနွေး
19-Dec-2017


ရန်ကုန် ၊ ဒီဇင်ဘာ ၁၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ၏ မြန်မာ့အရေး အထူးသံတမန် မစ္စတာ စွန်းကော်ရှန်းနှင့်တွေ့ဆုံကာ ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ၂၁ ပင်လုံအရေး  တို့ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန် သည်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်  မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်တွင် အကူအညီပေးသူတို့သည် ဒီဇင်ဘာလ ၁၉ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်း ကော်ရှန်း၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ဒေါ်လာ တစ်သန်းကိုလည်း တရုတ်ဘက်က ပေးအပ်ခဲ့သည်။ 

ယင်းသို့တွေ့ဆုံရာတွင် အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ပါရှိသည်။


  • VIA