News

POST TYPE

POLITICAL

နားလည်မှုလွဲကာ ညီလာခံမှထွက်ခွာသွားသည့် UWSA ပြန်လည်ပါဝင်ရန် ညှိနှိုင်းသွားမည်ဟုဆို
01-Sep-2016

နေပြည်တော်၊ စက်တင်ဘာ ၁

ညီလာခံအတွင်း နားလည်မှုလွဲမှားခြင်းကြောင့် (၂၁)ရာစုပင်လုံညီလာခံမှ ပြန်လည်ထွက်ခွာသွားသည့် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ညီလာခံတွင် ပြန်လည်ပါဝင်လာရန် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ညီလာခံကျင်းပရေးကော်မတီမှ တာဝန်ရှိသူ ဦးခင်ဇော်ဦး (ဒုတိယဗိုလ်ချုပ်ကြီး-ငြိမ်း)က ပြောကြားသည်။

UWSA အနေနှင့် ညီလာခံ ဝင်ခွင့်ကတ်ထုတ်ပေးမှုနှင့်ပတ်သတ်၍ တိုင်းရင်းသား လက်နက်ကိုင်များအကြား ညီမျှမှု မရှိဟုဆိုကာ ညီလာခံ ဒုတိယနေ့တွင် ညီလာခံမှ ထွက်သွားခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ နားလည်မှု လွဲမှားခြင်းသာဖြစ်ပြီး ယင်းအဖွဲ့များ တည်းခိုနေသည့် ဟိုတယ်သို့ သွားရောက်၍ ညှိနှိုင်းဆောင်ရွက်သွားမည်ဟု ဦးခင်ဇော်ဦးက ညီလာခံ နံနက်ပိုင်း အစီစဉ်အပြီးတွင် မီဒီယာများသို့ ပြောကြားသည်။

"သူတို့ကို ညီတူမျှတူ သတ်မှတ်ပေးထားတာကို နားလည်မှု လွဲတာပါ။ သူတို့ယူလာတဲ့ စာတမ်းကိုလည်း နေ့လည်ပိုင်း အစီစဉ်မှာ ဖတ်ကြားခွင့် ပေးထားပါတယ်။ အဲဒီစာတမ်းကို မဖတ်တော့ဘဲ ဒီအတိုင်းတင်ခဲ့ပြီး ပြန်သွားတာပါ"ဟု ၎င်းက ဆိုသည်။

'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)မှ ကိုယ်စားလှယ်လေးဦး ညီလာခံသို့ တက်ရောက်ကြောင်း ယင်းညီလာခံမှ သိရသည်။

  • VIA