News

POST TYPE

POLITICAL

ကြံ့ခိုင်ရေးပါတီက လက်ရှိနိုင်ငံရေး အ​ခြေအ​နေ ဆွေးနွေးပွဲ ပထမဆုံးအကြိမ်ကျင်းပ
11-Nov-2017


မြစ်ကြီးနား၊ နိုဝင်ဘာ ၁၁

မြစ်ကြီးနားမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်၍ လက်ရှိ နိုင်ငံရေး အ​ခြေအ​နေ ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် မြို့နယ်ပါတီရုံးတွင် နိုဝင်ဘာလ ၁၁ ရက်နေ့က ကျင်းပခဲ့ရာ ပြည်နယ်ပါတီဝင်များနှင့် ခရိုင်ပါတီဝင်များ စုစုပေါင်း ၅၀ ဦးကျော် တက်ရောက်ခဲ့သည်။

ပါတီတွင်းရှိ တာဝန်​ရှိ ပုဂ္ဂိုလ်​များအ​နေနှင့် နိုင်​ငံ​ရေးကို ထဲထဲဝင်​ဝင်​နှင့် ​ပြောဆို​ဆွေး​နွေးနိုင်​သည့် အ​လေ့အထ​ကောင်း ရစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း မြစ်​ကြီးနားမြို့နယ်​ ​ပြည်​​ထောင်စု ကြံ့ခိုင်​​ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဝင်းက ​ပြောကြားသည်​။

“ဒီ​ဆွေး​နွေးပွဲ ရလဒ်​​တွေကိုလည်း မှတ်​သားထားတယ်​။ ပြီး​တော့ လူထုကြား စည်းရုံးချပြသွားမယ်​။ ကျွန်တော်​တို့ ပါတီက နိုင်ငံရေးပါတီ ဖြစ်နေတော့ အစိုးရရဲ့ လုပ်​​ဆောင်မှုတွေကို အမြဲကြည့်ရှု​နေတယ်”ဟု ၎င်းက ​ဆိုသည်။ 

အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲတွင် လက်ရှိ အစိုးရသစ်လက်ထက် ဆောင်ရွက်နေသော တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အစရှိသည့် လုပ်ဆောင်မှုများကို ဆွေးနွေးခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။

R-06

  • VIA