News

POST TYPE

POLITICAL

နိုင်ငံရေးပါတီအဖြစ် လာမည့်နှစ်ဆန်း မှတ်ပုံတင်မည်
29-Oct-2017


ရန်ကုန်၊ အောက်တိုဘာ ၂၉

၈၈ မျိုးဆက်များ ပါဝင်သော နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး လာမည့်နှစ်ဆန်း ဇန်နဝါရီလအတွင်း ပါတီမှတ်ပုံတင်မည်ဖြစ်ကြောင်း ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းတွင် နိုင်ငံရေးပါတီ ဖြစ်မြောက်ရေး ကော်မတီရုံးခန်းကို ယနေ့(အောက်တိုဘာလ ၂၉ ရက်) မွန်းလွဲပိုင်းက ဖွင့်လှစ်ရာ ယင်းအခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလ တတိယ သီတင်းပတ်တွင် ပါတီနာမည်၊ အမှတ်တံဆိပ်နှင့် ပါတီဖွဲ့စည်းပုံ ကိစ္စများကို တာဝန်ရှိသူများ ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။ ထို့ပြင် မွန်၊ မကွေး၊ ကရင်၊ စစ်ကိုင်းနှင့် တနင်္သာရီတွင် ရုံးခန်းများ ထပ်မံ ဖွင့်လှစ်မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီရုံးများကို ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်တွင် ရုံးခန်းဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယနေ့ ရန်ကုန်ရုံးဖွင့်လှစ်ရာတွင် နိုင်ငံတကာသံတမန်များ၊ အမတ်ဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ စုံညီ တက်ရောက်ခဲ့ကြသည်။

J-09

  • VIA