News

POST TYPE

POLITICAL

မင်းပြား-မြောက်ဦးကားလမ်းကြား ဗုံးသုံးလုံးပေါက်ကွဲ၊ လုံခြုံရေးတိုးမြှင့်
20-Sep-2017
ရန်ကုန် ၊ စက်တင်ဘာ ၂၀

ရခိုင်ပြည်နယ် မင်းပြားမြို့ သံရှင်ကျေးရွာနှင့် ဆပ်ကျာကျေးရွာအနီး မင်းပြား-မြောက်ဦးကားလမ်းပေါ်တွင် ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တင်းကျပ်မှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မြောက်ဦးမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

စက်တင်ဘာ ၁၉ ရက်ည ၇ နာရီ ၂၀ ခန့်က မြောက်ဦးမှ မင်းပြားသို့ မောင်းနှင်းလာသည့် ကစ္ဆပခရီးသည် တင်ကားနှင့် ကုန်တင်ကား နှစ်စီးဖြတ်သန်းစဉ် မြေမြှုပ်ဗုံး သုံးလုံးဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူတို့က အပင်သုံးပင်ရဲ့အောက်မှာ ဗုံးသုံးလုံး မြှုပ်ထားတာ။ သူတို့က ရီမုနဲ့ခွဲတာ။ အဲ့ဒီမှာ ကျင်းဖြစ်သွားပြီးတော့ အပင်ရဲ့ အခေါက်တွေ ကွာကျသွားတဲ့ဟာတွေလည်း မြင်ရတယ်”ဟု ၎င်းက ဆိုသည်။

ကစ္ဆပခရီးသည် တင်ကားသည် အကြမ်းဖက်မှုများ ခံစားနေရသူများကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် စစ်တွေမြို့မှ အပြန် မြောက်ဦးရှိ ဒုက္ခသည်စခန်း ခြောက်နေရာကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးပြီးအပြန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကားမှန် လေးချပ်ကွဲသွားပြီ ၎င်းနှင့်အတူ ပါလာသည့် ကုန်တင်ကားမှာ ထိခိုက်မှု မရှိခဲ့ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်အတွက် အဆိုပါလမ်းကို ပိတ်ဆို့မှုများပြုလုပ်ကာ လုံခြုံရေး တင်းကျပ်ပြီး မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း မင်းပြားမြို့ရှိ တပ်ကြပ်ကြီး တစ်ဦးထံမှ သိရသည်။

J-09


  • VIA