News

POST TYPE

POLITICAL

ကုလညီလာခံ ဒေါ်အောင်ဆန်းစုကြည် မတက်ဖြစ်၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ မိန့်ခွန်းပြောမည်
12-Sep-2017 tagged as ကုလသမဂ္ဂ

ရန်ကုန်၊ စက်တင်ဘာ ၁၂

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်မဟုတ်ဘဲ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် မိန့်ခွန်းပြောမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က စက်တင်ဘာလ ၂၀  ရက်နေ့တွင် မိန့်ခွန်းပြောရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ ကိုယ်စားပြု ပြောမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် ၇၁ ကြိမ်မြောက် ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် မိန့်ခွန်း ပြောကြားခဲ့သည်။ ညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပရန် စီစဉ်ထားသည်။ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့သည့် (၇၁) ကြိမ်မြောက် ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ခေါင်းဆောင်အနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

  • VIA