News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ကျင်းပမည်ဟုဆို
22-Aug-2016
နေပြည်တော်၊ သြဂုတ် ၂၂ 

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ နှစ်ဦးပိုင်းတွင် ကျင်းပရန် စီစဉ်ထားကြောင်း ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ရောက်ရှိလာသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က မီဒီယာများသို့ ပြောဆိုသည်။
“ကိုယ်စားလှယ်များ လစ်လပ်သည့် နေရာများအား အားလုံး သိပြီးဖြစ်ကြောင်း” ဟု ၎င်းက ဆိုသည်။

ယနေ့ အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် (၂) မှ ဦးစိုင်းထွန်းအောင်က ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသဖြင့် ရွေးကောက်ပွဲ ရပ်ဆိုင်းထားခဲ့သော ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့အတွက် ၂၀၁၆ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းခဲ့ရာ ဦးအောင်မြင့်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

-----------------------------------------
(ပြင်ဆင်ချက် - ကနဦး ဖော်ပြခဲ့သည့် သတင်းတွင် “၂၀၁၇ ခုနှစ် ဇန်နဝါရီလ” ဟု ဖော်ပြထားပြီး ယင်းစာသားအစား  “၂၀၁၇ ခုနှစ် နှစ်ဦးပိုင်း” ဟု လည်းကောင်း၊ “လစ်လပ်နေရာတွေကတော့ အများကြီးရှိပါတယ်။ အတိအကျမပြောချင်ဘူး” ဆိုသည့် စကားရပ်နေရာတွင် “ကိုယ်စားလှယ်များ လစ်လပ်သည့် နေရာများအား အားလုံးသိပြီး ဖြစ်ကြောင်း” ဟု လည်းကောင်း ပြင်ဆင်ဖတ်ရှုပေးပါရန် လေးစားစွာ ဖော်ပြအပ်ပါသည်။)