POST TYPE
POLITICAL
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ
19-Jul-2017
ရန်ကုန် ၊ ဇူလိုင် ၁၉
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီကို ပါတီမှတ်ပုံတင်ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကော်မရှင်က ဇူလိုင်လ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်နောင်လမ်း အမှတ် (၃၀၄/၃၃၁)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ALDပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ခဲ့ပြီး ယင်းအချိန်က ရခိုင်ပြည်နယ်တွင် ကိုယ်စားလှယ် အများဆုံး အနိုင်ရခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နှင့် ပူးပေါင်း၍ ရခိုင်အမျိုးသားပါတီ ANP အဖြစ် ထူထောင်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ပါတီနှစ်ခု ပြိုကွဲပြီးနောက် ALD ပါတီဝင်ဟောင်းများသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီအဖြစ် ပါတီထူထောင်ခွင့် ပြန်လည် လျှောက်ထားခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပါတီခေါင်းဆောင်၊ မူဝါဒနှင့် ပါတီအမှတ်တံဆိပ်နှင့် ပါတီအလံတို့ကို တင်သွင်းခဲ့ခြင်းဖြစ်သည်။
ALD ပါတီကို ပြန်လည် ထူထောင်သူ အများစုသည် ရခိုင်အမျိုးသားပါတီမှ သဘောထား ကွဲလွဲပြီး ထုတ်ပယ်ခံထားရသူများနှင့် ယခင်ပါတီဝင်ဟောင်းများဖြစ်ပြီး ပထမ ခေါင်းဆောင်အဖြစ် ယခင်က ပါတီဒုဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးကျော်မြင့်ကို တာဝန် ပေးအပ်ထားကြောင်း ပါတီခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမျိုးကျော်က ပြောကြားထားသည်။
လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ ယခင် ဥက္ကဋ္ဌဖြစ်သည့် ဦးအေးသာအောင်အနေဖြင့် ယခုပြန်လည်ဖွဲ့စည်းသည့် ပါတီတွင် ဦးဆောင်ပြီး ပါဝင်ရန်အတွက် ပါတီထူထောင်သူများမှ လိုလားနေကြသော်လည်း ၎င်းပါဝင်မည့်ကိစ္စကို အတိအကျ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။
ယခုပါတီဖွဲ့စည်းခွင့် ရခဲ့သည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံတင်စဉ်တွင် ၎င်း၏အမှတ်တံဆိပ်နှင့် အလံတို့ကို ရခိုင်အမျိုးသားပါတီ (ANP)က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို မေလ ၂၃ ရက်နေ့တွင် ကန့်ကွက်ခဲ့သော်လည်း ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
J-09
- SOURCES
- The Voice
-
06-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
01-Dec-2019