News

POST TYPE

POLITICAL

ကြားဖြတ်ရွေးကောက်ပွဲ ၂၀၁၇ ခုနှစ် ဇန်နဝါရီတွင် ကျင်းပမည်ဟုဆို
22-Aug-2016

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၇ ဇန်ဝါရီလတွင် ကျင်းပရန် စီစဉ်ထားကြောင်း ယနေ့ (သြဂုတ် ၂၂ ရက်) နံနက်ပိုင်းက ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ရောက်ရှိလာသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က မီဒီယာများသို့ ပြောဆိုသည်။
“လစ်လပ်နေရာတွေကတော့ အများကြီး ရှိပါတယ်။ အတိအကျ မပြောချင်ဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့အအစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ် (၂) မှ ဦးစိုင်းထွန်းအောင်က “၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးသဖြင့် ရွေးကောက်ပွဲ ရပ်ဆိုင်းထားခဲ့သော ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ်တို့အတွက် ၂၀၁၆ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းခဲ့ရာ ယင်းမြို့နယ် နှစ်ခုကိုပါ ထည့်သွင်းကျင်းပပေးသွားမည်ဟု ဦးအောင်မြင့်က ပြောကြားခဲ့သည်။