News

POST SECTION

POLITICAL

23-Feb-2017 tagged as
“ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSA) က အတင်းအဓမ္မ လူသစ် စုဆောင်းမှုကြောင့် ဒေသခံ ပြည်သူအချို့ နေရပ်စွန့်ခွာလျက်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထပ်မံ၍ ထုတ်ပြန်လိုက်သည်။
21-Feb-2017 tagged as
အစိုးရသစ်သက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများထံ မတ်လ ၁ ရက်မှစတင်၍ ချပြအသိပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ လူနည်းစု တိုင်းရင်းသားဒေသများ၊ မသန်စွမ်းသူများအတွက် အထူး ပြုလုပ်ထားသော မဲရုံများ၊ ပြိုင်ဆိုင်မှုများသည့် မဲရုံများစသည့် ထူးခြားနေရာ ရှစ်ခုတွင် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စုပေါင်း၍ စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
21-Feb-2017 tagged as NCA
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကို “ဝ”ဒေသ ပန်ဆန်း၌ ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
21-Feb-2017 tagged as ကချင်
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို အကြမ်းဖက် သောင်းကျန်းသူဟု သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးရန် အပါအဝင် အချက် ၇ ချက်ကို ကချင်ပြည်နယ်တွင် သုံးရက်ကြာ ကျင်းပခဲ့သည့် ကချင်အမျိုးသား တွေ့ဆုံပွဲအပြီးတွင် တောင်းဆိုခဲ့သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းမှ ဆောင်ရွက်ရန် လတ်တလော မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေရေးရာ ကော်မတီထံမှ သိရသည်။
20-Feb-2017 tagged as
နုတ်ထွက်လိုက်ပြီဟု ကြေညာထားသော မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနေရာတွင် ဒေါက်တာအေးဇံကို ခန့်အပ်မည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အတွင်းရေးမှူး အဖွဲ့ဝင် ဦးဝင်းထိန်က ပြောဆိုလိုက်သည်။
အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို လေ့လာစိစစ်နိုင်ရန် စံပြုရမည့် အချက်များ ရေးဆွဲနေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည် လေ့လာစိစစ်ရေးအဖွဲ့ထံမှ သိရသည်။
20-Feb-2017 tagged as နိုင်ငံရေး KNU
၁၆ ကြိမ်မြောက် ကွန်ဂရက် ညီလာခံနှင့် ဒုတိယ ပင်လုံညီလာခံ ကျင်းပမည့်ရက် တိုက်ဆိုင်နေလျှင် ဒုတိယပင်လုံ ညီလာခံ အစည်းအဝေးသို့ တက်ရောက်ရန် မရှိကြောင်း KNU (ကရင်အမျိုးသားအစည်းအရုံး) ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။
၂၁ရာစု ပင်လုံညီလာခံ ကျင်းပမည့်ရက် တစ်ပတ်အတွင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ အကြံပေး အဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောကြားသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြစ်သည့် ဦးမင်းမင်းဦးသည် ယနေ့ နံနက် ၆ နာရီခန့်က ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင်တွင် တာဝန်မှ နုတ်ထွက်ကြောင်း တရားဝင် ရေးသားထားသည်။
17-Feb-2017 tagged as နိုင်ငံရေး
အစိုးရသက်တမ်း နှစ်ဆက်တိုင် ခြောက်နှစ်နီးပါကြာ တာဝန်ထမ်းဆောင်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နေရာကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
လွှတ်တော် အစည်းအဝေးအတွင်း မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ ဆွေးနွေးခြင်းတို့တွင် ထိထိရောက်ရောက် ပြောဆိုမေးမြန်းရန်နှင့် ပြန်လည် ဖြေကြားသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများအနေဖြင့် သွယ်ဝိုက်ဖြေကြားခြင်း မပြုလုပ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး ပြောကြားလိုက်သည်။
14-Feb-2017 tagged as ပင်လုံညီလာခံ
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစုပင်လုံ ဒုတိယ အစည်းအဝေး ကျင်းပရန် စီစဉ်ထားသော လျာထားရက်ကို ထပ်မံ ရွှေ့ဆိုင်းရန် စီစဉ်နေကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။
14-Feb-2017 tagged as
ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း စစ်ရေးလှုပ်ရှားနေသော AA (ရခိုင် လက်နက်ကိုင်အဖွဲ့)များ ထွက်ခွာခြင်း မပြုပါက စစ်ရေးအရ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပူးရမ်ကုလ်ကျုံးက ပြောကြားသည်။