News

POST SECTION

PHOTO-ESSAYS

12-Jun-2017 tagged as
ဦးခေါင်းထက်မှာ မွတ်ဆလင် အမျိုးသမီးတို့ အစဉ်အလာ ဝတ်ရတဲ့ခြုံပဝါများ လွှမ်းထားတဲ့ “ဆူညံပေါက်ကွဲသံ”ဆိုတဲ့ အင်ဒိုနီးရှားမိန်းကလေး ပန့်ခ်ဂီတဝိုင်းတစ်ဝိုင်းနဲ့ မိတ်ဆက်ပေးပါရစေ။
11-Jun-2017 tagged as
စစ်ပြန်ကြီးရွာလို့ ခေါ်စမှတ်ပြုကြတဲ့ ဒီရွာလေးကို ၁၉၈၅ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် တောင်ပိုင်းမှာတည်ရှိတဲ့ စိုက်ပျိုးမွေးမြူရေး အမှတ် ၁ ရပ်ကွက်ကို ၁၉၈၅ ခုနှစ်မှာ စစ်မှုထမ်းဟောင်းတွေအတွက် တည်ဆောက်ပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အိမ်ခြေ ၉၀ဝ ကျော်နဲ့ လူဦးရေ ၅၃၈၇ ဦး နေထိုင်လျက် ရှိပါတယ်။ ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေရဲ့ အခြေအနေတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
21-May-2017 tagged as
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေကြောင်း ကုန်စည်ပို့ဆောင်ရေးမှာ မန္တလေး ဂေါ်ဝိန်ဆိပ်က ကုန်စည်စီးဆင်းမှု များပြားလှပါတယ်။
15-May-2017 tagged as
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ ပျူမြို့ဟောင်း သုံးမြို့မှာ သရေခေတ္တရာလည်း ပါတယ်။
07-May-2017 tagged as
အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် နေ့အပူချိန် အမြင့်တက်ဆုံး နိုင်ငံအဖြစ်သို့ မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။
23-Apr-2017 tagged as
နွေရာသီ ကျောင်းပိတ်ချိန်ကနေ သင်္ကြန်ပွဲတော် မတိုင်မီအထိ ရှင်ပြုပွဲတွေကို မြန်မာတို့ရဲ့ မြို့ပြ ကျေးလက်ဒေသ အသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ မြို့တည်သက်တမ်း ၅၀ဝ ကျော် ရှိတဲ့ တောင်ငူမြို့မှာ ဆင်တွေ၊ မြင်းတွေ၊ လှည်းယဉ်ကလေးတွေအပြင် ဝင်းခင်းသဘင်ပွဲတော်တစ်ခုလို ကျင်းပခဲ့တဲ့ အလှူပွဲလေးတစ်ခုရဲ့ မြင်ကွင်းပုံရိပ် အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။
19-Feb-2017 tagged as
ဒီလိုမြင်ကွင်းမျိုးကို ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းတစ်သောင်းကျော်အမြင့်က ခေါနူးစုမ် အမျိုးသားဥယျာဉ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးမှာ တည်ရှိတာပါ။
ရန်ကုန်မြို့တော် လူစည်ကားလှတဲ့ ဘုရားပွဲတော်တွေထဲမှာ မိုးကောင်း ဘုရားပွဲလည်း ပါဝင်ပါတယ်။ မယ်လမု ဘုရားပွဲပြီးရင် ဈေးဆိုင်ခန်း အများဆုံး ပွဲတော်ပါ။ ဒီနှစ်မှာ ပြုလုပ်တဲ့ ၁၂၄ ကြိမ်မြောက် ဘုရားပွဲတော်ကို ဒီဇင်ဘာ ၉ ရက်နေ့ကနေ့ ၁၈ ရက်နေ့အထိ ကျင်းပမှာမို့ သွားရောက် လေ့လာလိုသူတွေ၊ လည်ပတ်ချင်သူတွေအတွက် မိုးကောင်း ဘုရားပွဲတော်က မြင်ကွင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
04-Dec-2016 tagged as ချင်းပြည်နယ်
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို အမှီပြုပြီး နေထိုင်ကြတဲ့ ခူမီး ချင်းမျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပကြပါတယ်။ ပလက်ဝ၊ ဆမီး စတဲ့ ဒေသတွေမှာ အများဆုံး နေထိုင်ကြပြီး လူဦးရေ ကိုးသောင်းကျော် ရှိပါတယ်။ ပွဲတော်ကာလ ဆိုရင်တော့ ဇာတိမြို့ကို ပြန်လာကြပြီး ပွဲတော်ဆင်နွှဲကြရပါတယ်။
27-Nov-2016 tagged as ညဈေး
ရန်ကုန်မြို့လယ် တစ်လျှောက်မှာရှိတဲ့ လမ်းဘေးဈေးသည်တွေအတွက် အဓိကရည်ရွယ်ပြီး ကမ်းနားလမ်းတစ်လျှောက် ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ရဲ့ ညဈေးတန်းကို မြင်တွေ့ရပါတယ်။
မြန်မာတို့ရဲ့ နောက်ဆုံး မင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးမြို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ လက်မှုလုပ်ငန်းတွေ၊ ဗိသုကာလက်ရာမြောက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ သဘာဝလှပတဲ့ ရှုမျှော်ခင်းတွေနဲ့ နန်းဆန်တဲ့ မြို့တစ်မြို့ပါ။ အဲဒီလို ရှုခင်းတွေနဲ့ မန္တလေးမြို့ရဲ့ ညနေခင်း အလှအပ မြင်ကွင်းပုံရိပ် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။