News

POST SECTION

PHOTO-ESSAYS

02-Apr-2018
နာဂရိုးရာ နှစ်သစ်ပွဲတော်ကို ရှေးယခင်က ကျေးရွာတိုင်း၌ ကျင်းပခဲ့ကြသည်။ တောင်ယာလုပ်ကိုင်ပြီး ကောက်ပဲသီးနှံများ ရိတ်သိမ်းပြီးနောက် တစ်ရွာနှင့်တစ်ရွာ ပွဲမတိုက်အောင် ကျင်းပခဲ့ကြသည်။ တစ်ရွာ၏ပွဲမှာ အခြားတစ်ရွာကလူများ သွားရောက် ပျော်ပွဲရွှင်ပွဲ ကျင်းပသည်။ ၎င်းပွဲတွင် တစ်နှစ်ပတ်လုံး အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးပြောဆိုကြသည်။ ယခုနှစ်အတွက် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှ ၁၆ ရက်အထိ ကျင်းပခဲ့သော နာဂရိုးရာ နှစ်သစ်ကူးပွဲတော်မှ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
02-Apr-2018
လွိုင်ကော်မြို့မှ ဆယ်မိုင်ကျော်ဝေးသည့် ဒီမော့ဆိုဒေသတွင် သစ်တောများ ပေါများခြင်း၊ နည်းပညာ လိုအပ်နေခြင်းကြောင့် သစ်မြစ်များကို တန်ဖိုးမရှိသည့်အရာအဖြစ် သတ်မှတ်ပြီး မီးရှို့ပစ်ခြင်း၊ အိမ်သုံးထင်းအဖြစ် အသုံးပြုခြင်းကို နေရာများစွာ တွေ့နိုင်ပါသည်။
02-Apr-2018
ဆောင်းရာသီ အရသာကို ပီပီသသ ခံစားနေရသည့် မန္တလေးမြို့တော်၏ နံနက်ခင်း မြင်ကွင်းအချို့ကို ဖော်ပြလိုက်ရပါသည်။
02-Apr-2018
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွင် ၂၀၁၁ ခုနှစ်ဝန်းကျင်မှစတင်၍ ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော KIA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသူများမှာ စစ်ဘေးရှောင် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိနေသည်မှာ ၆ နှစ်ကျော်ကာလအထိ ရောက်ရှိခဲ့ပြီဖြစ်သည်။ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်ဒေသရှိ St.joseph's စစ်ဘေးရှောင်စခန်း၊ ဇိအွန် စစ်ဘေးရှောင်စခန်းနှင့် မိုင်းနား KBC စစ်ဘေးရှောင်စခန်းများရှိ ကလေးငယ်များအတွက် ပညာသင်ကြားမှု၊ စားဝတ်နေရေးအတွက် ရုန်းကန်နေရသော စစ်ဘေးရှောင်တို့ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ ဓာတ်ပုံ- အောင်ဖြိုး
02-Apr-2018
ပန်းမြို့တော်ဟု အမည်တွင်သည့် ပြင်ဦးလွင်မြို့မှာ နှစ်စဉ် နှစ်တိုင်း ဒီဇင်ဘာလတွင် ပန်းပွဲတော် ကျင်းပလာသည်မှာ ၁၂ ကြိမ်မြောက်သို့ ယခုနှစ်တွင် ရောက်ရှိသည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။
02-Apr-2018
ကရင်ပြည်နယ်မြောက်ဖျားပိုင်းက သံတောင်ကြီး အပန်းဖြေစခန်းမှာရှိတဲ့ နော်ဘူဘောဆုတောင်းတောင်ကို အလည်အပတ် လာရောက်ကြသူတိုင်း တောင်ငူကို ဝင်ရောက်ကြရပါတယ်။
02-Apr-2018
တိမ်တွေရဲ့အထက်က တောင်တန်းတွေကြားမှာ ပွင့်အာနေတဲ့ တောင်ဇလပ်ပန်း နီနီရဲရဲတို့ကို မနက်စောစောမှာ ကြည့်ဖူးကြပြီလား။
25-Mar-2018
ဆောင်းတွင်းကာလမှာ ရေခဲဖုံးလွှမ်းတဲ့ ကချင်ပြည်နယ်က ပန်ဝါမြို့ဟာ မြစ်ကြီးနားက ၁၂၁ မိုင်၊ ချီဖွေမှ ၃၈ မိုင်ခန့် ကွာဝေးပါတယ်။ ယင်းမြို့နှစ်မြို့မှာ လော်ဝေါ်လူမျိုး၊ လာချိတ်လူမျိုးနဲ့ လီဆူတိုင်းရင်းသားတို့ နေထိုင်ကြပါတယ်။
25-Mar-2018
ရှမ်းပြည်နယ် တောင်ကြီးမြို့ ဒေသခံတွေရဲ့ ရိုးရာမပျက် နှစ်စဉ်နှစ်တိုင်း ကျင်းပကြတဲ့ မီးပုံးပျံပွဲဟာ မြန်မာပြည်ရဲ့ အထင်ရှားဆုံး တန်ဆောင်တိုင်ပွဲတော်ပါ။
25-Mar-2018
ဆယ့်နှစ်လရာသီ လများတွင် တန်ဆောင်မုန်းလသည် ဘာသာရေးဆိုင်ရာ ပွဲတော်များဖြစ်သည့် ဆီမီးထွန်းညှိပူဇော်ခြင်း၊ မသိုးသင်္ကန်း ဆက်ကပ်ခြင်း၊ ကထိန် အလှူပွဲ စသော ဘာသာရေးဆိုင်ရာ ပွဲတော်များ သာမက ကျီးမနိုးပွဲ၊ တန်ဆောင်တိုင် ပွဲတော်စသည်ဖြင့် ပျော်ပွဲရွှင်ပွဲများဖြင့် ပြုလုပ်ကြသော လတစ်လဖြစ်သည်။
08-Oct-2017
ဝါလကင်းလွတ်လို့ သီတင်းကျွတ်ကာလ ရောက်ခါးနီပြီဆိုတာနဲ့ မီးထွန်းပွဲတော်ရဲ့ အငွေ့အသက်တွေဟာ မြို့ပြရော၊ ကျေးလက်ပါမကျန် ပျံ့နှံရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နေအိမ်ရှေ့တွေမှာ ချိတ်ဆွဲ ထွန်းညှိမယ့်သူတွေအတွက် အလှဆင်မီးပုံးတွေ၊ ကလေးသူငယ်တွေအတွက် တွန်းလှည်းမီးပုံးလေးတွေ စသည်ဖြင့် ရွေးချယ်စရာတွေ ပေါများလှပါတယ်။ မန္တလေးမြို့ပေါ်က ရောင်စုံမီးပုံးလေးတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
08-Oct-2017
ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ထီးနန်းစိုက်ခဲ့တဲ့ ရွှေဘိုမြို့ဟာ မိုးနည်းပြီး ပူပြင်းခြောက်သွေ့တဲ့ဒေသဖြစ်ပေမယ့် ဆည်ရေသောက်စနစ်နဲ့ စိုက်ပျိုးရေပေးဝေနိုင်ခဲ့လို့ ရွှေဘိုသနပ်ခါးတုံးတွေနဲ့အပြိုင် ရွှေဘိုဒေသကထွက်တဲ့ ပေါ်ဆန်းမွှေးဆန်ကလည်း နာမည်ကျော်ကြားလှပါတယ်။ တစ်ခေတ်တစ်ခါက မင်းနေပြည်တော်ဖြစ်ခဲ့တဲ့ ရွှေဘိုမြို့ရဲ့ နာမည်ကျော် မြို့ထောင့်စေတီဘုရားကို ဖူးမြော်ရင်း ရွှေဘိုမြို့ပေါ်က သွားရောက် လေ့လာသင့်တဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။