News

POST TYPE

PHOTO ESSAYS

သဘာဝအလှစုံတဲ့ ရှမ်းတောင်ပိုင်း
18-Jun-2017
သဘာဝအလှစုံတဲ့ ရှမ်းတောင်ပိုင်း

ဓာတ်ပုံ- မြတ်(ကလေး)
ရှမ်းပြည်နယ်တောင်ပိုင်းဒေသက ရွာငံ-ကလော-ပင်းတယ ခရီးစဉ်လေးမှာ တွေ့မြင်လည်ပတ်နိုင်တဲ့ ရှုခင်းနေရာတွေကို ဖော်ပြလိုက်ပါတယ်။ ရန်ကုန်-မိတ္ထီလာ-ကလော လမ်းကြောင်းအတိုင်း သွားရောက်နိုင်သလို မန္တလေး-ကျောက်ဆည်-ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ လမ်းကြောင်းအတိုင်းလည်း သွားရောက်နိုင်ကြပါတယ်။ 
ရွာငံ-ကလော-ပင်းတယခရီးစဉ်မှာ သဘာဝလိုဏ်ဂူတွေကို လည်ပတ်ရတာက ရင်ခုန်ဖွယ် အတွေ့အကြုံတစ်ခုပါ။ မြေပြန့်ဒေသတွေမှာ မရရှိနိုင်တဲ့ တောင်ပေါ်ခရီးသွား ဖီလင်တစ်ခုဖြစ်ပြီး ကလောရွှေဥမင် သဘာဝလိုဏ်ဂူ၊ ပင်းတယရွှေဥမင်သဘာဝလိုဏ်ဂူ၊ မြင်းမထိလိုဏ်ဂူတို့ကို လည်ပတ်ရင်း ခရီးစဉ်ကို ကုန်ဆုံးလိုက်ပါ။ 

မန္တလေးလမ်းကြောင်းက သွားရင်တော့ မန္တလေး-မိတ္ထီလာ-ကလော လမ်းကြောင်းကနေ သွားမယ့်အစား မန္တလေး-ကျောက်ဆည်- ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံလမ်းကြောင်းက မိုင် ၉၀ ခန့် ခရီးမိုင်တိုတဲ့အတွက် အချိန်ကုန် သက်သာစေမှာ ဖြစ်ပါတယ်။ ရွာငံလမ်းကြောင်းကတော့ ဖောက်လုပ်နေဆဲမို့ မြို့ကြီး-ရွာငံကြား လမ်းခရီးမှာ ခေတ္တ စောင့်ဆိုင်းရတတ်ပါတယ်။ 

ရှမ်းပြည်ခရီးစဉ်ရဲ့ လမ်းတစ်လျှောက်မှာတော့ ဒေသခံတောင်သူတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေကို တွေ့မြင်ရမှာပါ။ ဆောင်းရာသီလို အချိန်မျိုးမှာတော့ အံ့ဩမင်သက်မိစေမယ့် မြင်ကွင်းမျိုးတွေကို ပိုင်ဆိုင်ထားတဲ့ ရွာငံ-ကလော-ပင်းတယပါ။
ကလောမြို့မှာရောက်ရင် လည်ပတ်ကြည့်ရှုစရာတွေက အများကြီးပါ။ အေးမြတဲ့တောင်ပေါ်လေညင်းကြားထဲ တစ်ချက်တစ်ချက် ဝေ့ပါလာတဲ့ ထင်းရှုးရနံ့ကို ကလောမြို့မှာ စိတ်ကြိုက်ခံစားနိုင်ပါတယ်။ ကိုလိုနီခေတ်လက်ရာ ကလောဘူတာရုံ၊ မြို့တွင်းလမ်းမကြီးတွေပေါ်က စိန်ပန်းပြာပင် တွေရဲ့ကြားကို မဖြစ်မနေလည်ပတ်ကြရမှာပါ။ 

ရွာငံမြို့ တောကျယ်ရွာအနီးက မြသပိတ်ရေပြာအိုင်က ကမ္ဘာကျော် ရေအိုင်တစ်ခုပါ။ တကူးတက လည်ပတ်သူတွေနဲ့ အမြဲမပြတ် ရှိနေတတ်ပြီး တောကျယ်ရေတံခွန်နဲ့ မိန်းမရဲသခင်မတောင်တို့ကိုပါ တစ်ပါတည်း လည်ပတ်နိုင်ပါသေးတယ်။ 
ပင်းတယမြို့မှာတော့ ရွှေဥမင် သဘာဝလိုဏ်ဂူ၊ ပုန်းတလုတ် ရေကန်၊ ဇော်ဂျီရေထွက် စတဲ့နေရာတွေအပြင် နှစ်တစ်ရာ့နှစ်ဆယ် သက်တမ်းရှိ ဘုန်းကြီးကျောင်းကိုလည်း သွားလေ့လာနိုင်ပါတယ်။ ရှေးခေတ်ဟောင်း တိုင်ကပ်နာရီတွေ၊ ရှေးဘုရားဆင်းတုတွေကို ဖူးမြော်နိုင်ကြမှာပါ။

တမူးရှိလို့ တစ်ပဲလှူဆိုသလိုပဲ ရှမ်းပြည်နယ်တစ်ခွင်က ဒေသခံတွေရဲ့ ခမ်းနားလှတဲ့ အလှူတွေကိုလည်း ကြုံတွေ့ရနိုင်ပါဦးမယ်။ ရိုးရာအတိုင်း လှူကြသလို ဆင်တွေ၊ မြင်းတွေနဲ့ပါ ထည့်သွင်း လှူတတ်ကြပြီး မင်းခမ်းမင်းနားတွေပါ ထည့်သွင်းကြပါသေးတယ်။

  • VIA