POST TYPE

PHOTO ESSAYS

ခေါင်းဆောင်းခြုံထည်တွေနဲ့ အင်ဒိုက ပန့်ခ်ရော့ခ်အဖွဲ့
12-Jun-2017 tagged as

ဦးခေါင်းထက်မှာ မွတ်ဆလင် အမျိုးသမီးတို့ အစဉ်အလာ ဝတ်ရတဲ့ခြုံပဝါများ လွှမ်းထားတဲ့ “ဆူညံပေါက်ကွဲသံ”ဆိုတဲ့ အင်ဒိုနီးရှားမိန်းကလေး ပန့်ခ်ဂီတဝိုင်းတစ်ဝိုင်းနဲ့ မိတ်ဆက်ပေးပါရစေ။ အဖွဲ့ဝင်သုံးဦးပါတဲ့ အဲဒီအဖွဲ့ကို Voice of Baceprot လို့ အမည်ပေးထားပြီး အဓိပ္ပာယ်က ဆူညံသံလို့ အမည်ရပါသတဲ့။ ၂၀၁၄ ထဲက ဖွဲ့ခဲ့တဲ့ အဲဒီတေးဂီတဝိုင်းမှာ ဆယ်ကျော်သက် အင်ဒိုသူသုံးဦး ပါဝင်ပါတယ်။

“ဟီဂျပ် ဝတ်ဆင်ထားခြင်းဟာ ကျွန်မတို့အဖွဲ့ရဲ့ ဟဲဗီးမက်တယ်စတား အိပ်မက်တွေဆီကို သွားဖို့ ခရီးလမ်းမှာ အတားအဆီး မဟုတ်ပါဘူး”လို့ ရှေ့ထွက် သီဆိုပြီး ဂစ်တာတီးခတ်သူ အသက် ၁၆ နှစ်အရွယ် ဖီယာဒါကာနီယာက ပြောကြားပါတယ်။ ကျား၊ မ တန်းတူညီမျှမှုကို အားပေးအားမြှောက်ပြုသင့်ပြီး မွတ်ဆလင် အမျိုးသမီးတစ်ဦး အနေနဲ့လည်း ဖန်တီးမှုအသစ်တွေကို ရှာဖွေနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ လူဦးရေ သန်း ၂၅၀ ရှိပြီး ကမ္ဘာ့အကြီးဆုံး မွတ်ဆလင်နိုင်ငံ အင်ဒိုနီးရှားဟာ အလယ်အလတ်ဝါဒီ မွတ်ဆလင် အများစုရှိရာ နိုင်ငံလည်းဖြစ်ပါတယ်။

F-02

  • TAGS