News

POST TYPE

PHOTO ESSAYS

စစ်ပြန်ကြီးတို့ရွာ
11-Jun-2017 tagged as

စစ်ပြန်ကြီးတို့ရွာ

ဓာတ်ပုံ- စုလေးငုံ

စစ်ပြန်ကြီးရွာလို့ ခေါ်စမှတ်ပြုကြတဲ့ ဒီရွာလေးကို ၁၉၈၅ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် တောင်ပိုင်းမှာတည်ရှိတဲ့ စိုက်ပျိုးမွေးမြူရေး အမှတ် ၁ ရပ်ကွက်ကို ၁၉၈၅ ခုနှစ်မှာ စစ်မှုထမ်းဟောင်းတွေအတွက် တည်ဆောက်ပေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ အိမ်ခြေ ၉၀ဝ ကျော်နဲ့ လူဦးရေ ၅၃၈၇ ဦး နေထိုင်လျက် ရှိပါတယ်။ ဒီရပ်ကွက်မှာ နေထိုင်ကြတဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေရဲ့ အခြေအနေတွေကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

တိုက်နယ်ဆေးရုံ ထားရှိပေမယ့် လုံလောက်တဲ့ ဆေးဝါးကုသမှုတော့ မရရှိကြပါဘူး။ ပရဟိတအဖွဲ့ အကူအညီနဲ့ပဲ ရန်ကုန်မြို့ပေါ်ကို သွားရောက် ဆေးကုသရကြောင်းလည်း ဒေသခံတွေက ဆိုပါတယ်။

သောက်သုံးရေအခက်အခဲ၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိပေမယ့် ဒီရပ်ကွက်မှာ တယ်လီဖုန်းလိုင်းတွေနဲ့ လျှပ်စစ်မီး ကောင်းမွန်စွာ ရရှိနေလို့သာ ဒေသခံတွေအတွက် စိတ်ကျေနပ်စရာ ဖြစ်နေရတာပါ။ ဒေသခံစစ်မှုထမ်းဟောင်းတွေကို ထောက်ပံ့ကူညီမှုပေးနိုင်မယ့် စစ်မှုထမ်းဟောင်းအဖွဲ့ တစ်ဖွဲ့လည်းရှိပါတယ်။

ရပ်ကွက်အတွင်း လမ်းအချို့သာ ကတ္တရာလမ်းတွေရှိပြီး အချို့က ကွန်ကရစ်လမ်း၊ ဂဝံလမ်းများသာ ရှိပါသေးတယ်။ အိမ်ရှေ့ ရေမြောင်းတွေမှာ မွေးမြူရေးလုပ်ငန်းက စွန့်ပစ်ပစ္စည်းတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

ရပ်ကွက်အတွင်း လမ်းအချို့သာ ကတ္တရာလမ်းတွေရှိပြီး အချို့က ကွန်ကရစ်လမ်း၊ ဂဝံလမ်းများသာ ရှိပါသေးတယ်။ အိမ်ရှေ့ ရေမြောင်းတွေမှာ မွေးမြူရေးလုပ်ငန်းက စွန့်ပစ်ပစ္စည်းတွေ ရှိတာကိုလည်း တွေ့ရပါတယ်။

စစ်မှုထမ်းဟောင်းကြီး အချို့ကတော့ ဆိုင်ကယ်ကယ်ရီ မောင်းပြီး ဝမ်းရေးကို ဖြေရှင်းနေကြရပါတယ်။

အိမ်ခြေ ၂၀ လျှင် သုံးရေကန်တစ်ကန် ထားရှိပေးခဲ့ပေမယ့် ထိန်းသိမ်းမှု အားနည်းတာကြောင့် သုံးရေအဖြစ် အသုံးပြုဖို့တောင် မသင့်တော်တော့ပါဘူး။ မိုးရာသီမှာ တွင်းများမှ ရေတွေကို ကျောက်ချဉ်ခတ်ကာ သုံးစွဲနေရပြီး မိုးရေကို အဓိကထား သုံးစွဲနေရပါတယ်။

ရွှံ့စေးမြေ အမျိုးအစား ဖြစ်တာကြောင့် နှစ်ရှည်ခံသီးနှံတွေ အပါအဝင် ရာသီအလိုက် စိုက်ပျိုးသီးနှံတွေလည်း မဖြစ်ထွန်းတာကြောင့် စိုက်ပျိုးရေး လုပ်ငန်းကိုလည်း မလုပ်ကိုင်နိုင်ကြပါဘူး။

ဒီရပ်ကွက်ကို စတင် တည်ထောင်ခဲ့စဉ်က စစ်မှုထမ်းဟောင်း မိသားစုတစ်စုကို ပေ ၈၀ x ၁၂၀ မြေတစ်ကွက် အိမ်အပါအဝင် ဝက် လေးကောင်နဲ့ ကြက်အကောင် ၄၀ဝ ကို မွေးမြူဖို့ အခမဲ့ ပေးအပ်ခဲ့ပါတယ်။ လိုအပ်တဲ့ မွေးမြူရေး အသိပညာ ထောက်ပံ့မှု အားနည်းလို့ အိမ်ခြေ ၄၀ ခန့်ကသာ ကြက်၊ ဘဲ၊ ဆိတ် မွေးမြူရေးတွေကို ဆက်လုပ်နိုင်ကြပါတယ်။


  • TAGS