News

POST TYPE

PHOTO ESSAYS

ဂေါ်ဝိန်တွင် ဝမ်းစာရှာသူများ
21-May-2017

မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေကြောင်း ကုန်စည်ပို့ဆောင်ရေးမှာ မန္တလေး ဂေါ်ဝိန်ဆိပ်က ကုန်စည်စီးဆင်းမှု များပြားလှပါတယ်။ ဧရာဝတီမြစ် အထက်ပိုင်း ဗန်းမော်၊ ကသာ၊ ရွှေဘို စတဲ့ ဒေသတွေနဲ့ ချင်းတွင်းမြစ်ရိုးတစ်လျှောက် မြို့တွေက ကုန်စည်တွေ ဧရာဝတီမြစ်အောက်ပိုင်း ဟင်္သာတ၊ ပြည်၊ မကွေး စတဲ့ဒေသက ကုန်စည်တွေဟာ ဂေါ်ဝိန်ဆိပ်ကို ဖြတ်သန်း စီးဆင်းကြပါတယ်။ ဒီဆိပ်ကမ်းကို မှီခိုပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြသူတွေရဲ့ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။

ဓာတ်ပုံ - မောင်သန့်
ဧရာဝတီမြစ် ဂေါ်ဝိန်ဆိပ်ကမ်း အပါအဝင် မရမ်းခြံဆိပ်ကမ်း၊ ကျွဲစွန်းဆိပ်ကမ်းတို့မှာ အမျိုးသမီးတွေက ခဝါသည် အလုပ်ကို လုပ်ကိုင်ကြပါတယ်။ နွေရာသီမှာ အဝတ်အငှားလျှော်ခိုင်းသူ နည်းပါးတတ်ပေမယ့် ဆောင်းရာသီမှာတော့ ခဝါသည်တွေ ဝင်ငွေ ပိုကောင်းကြပါတယ်။

သက်ကြီးအမျိုးသမီးများက မြေတင်ခြင်း အလုပ်ကို လုပ်ကိုင်ကြပါတယ်။ မြေတွေကို ကားများပေါ် တင်ပေးရတာပါ။ မြေတစ်ကျင်းကို သုံးထောင်ကျပ်ရကြပြီး တစ်နေ့တာကုန်ရင် ခြောက်ထောင်ခန့်အထိ ရကြတယ်လို့ ဆိုပါတယ်။
မန္တလေးမှတစ်ဆင့် အခြားမြို့တွေဆီ ထွက်ခွာမယ့် ကုန်တင် သင်္ဘောကြီးတွေပေါ် ကုန်တွေကို တင်ပို့ကြပါတယ်။ ကုန်ပစ္စည်းအစုံ တင်ကြပါတယ်။ ကလေးငယ်တွေ အများဆုံး တွေ့ရမယ့် အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။
မန္တလေးမှတစ်ဆင့် အခြားမြို့တွေဆီ ထွက်ခွာမယ့် ကုန်တင် သင်္ဘောကြီးတွေပေါ် ကုန်တွေကို တင်ပို့ကြပါတယ်။ ကုန်ပစ္စည်းအစုံ တင်ကြပါတယ်။ ကလေးငယ်တွေ အများဆုံး တွေ့ရမယ့် အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။
ကုန်အတင်အချ အရေအတွက်ကို မမှားရအောင် ပေးထားတဲ့ တာလီတွေကို ရေတွက်နေတာပါ။
တစ်နေ့တာလုပ်ငန်းတွေပြီးဆုံးလို့ ရေချိုးဆင်းချိန်။
အနီးအနား ကျေးရွာတွေက သွားလာရေးအတွက် အားထားရတဲ့ စက်လှေတွေပါပဲ။
မန္တလေးတိုင်းကထွက်တဲ့ ကျောက်ချောတွေကို ကျောက်ရွက်သည်တွေက အခြားမြို့တွေဆီ သွားရောက်ရောင်းချမယ့် သင်္ဘောတွေပေါ်ကို တင်ကြရပါတယ်။ အများစုက အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ကျောက်တစ်ပုံကို သုံးသောင်းကျပ် ရကြပြီး နေကုန်ရင် ရရှိတဲ့ငွေ အားလုံးကို ခွဲဝေရယူကြရပါတယ်။

  • VIA