News

POST TYPE

PHOTO ESSAYS

နွေအပူနှင့် ရေအလှူ
07-May-2017

အရှေ့တောင်အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် နေ့အပူချိန် အမြင့်တက်ဆုံး နိုင်ငံအဖြစ်သို့ မှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်။ အပူချိန် မြင့်တက်မှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင်သာမက ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းအတွင်းရှိ ဒေသများတွင်ပါ ရေတွင်း၊ ရေကန် ရေခန်းခြောက်မှုနှင့် သောက်သုံးရေ ရှားပါးမှုကို စတင် တွေ့ကြုံနေရပြီဖြစ်သည်။ အဆိုပါ ဒေသများတွင် ပြည်သူများကို ရေအလှူပေးဝေနေသော စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၏ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - အောင်ဖြိုး

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ရှိ ရေရှားပါးသော ကျေးရွာများသို့ စေတနာရှင်များက လာရောက် လှူဒါန်းနေစဉ်။

ရန်ကုန်တိုင်း သုံးခွမြို့နယ် ကျောက်စုပတုပ်ကျေးရွာနေ ပြည်သူများ ရေဖူလုံရေးအတွက် ကျေးရွာဘုန်းတော်ကြီးကျောင်း ရေကန်ပြန်လည် တူးဖော်နိုင်ရန် အလှူငွေ ကျပ်သိန်း ၃၀ ကို ပြည်တွင်း၊ ပြည်ပရှိ စေတနာရှင်များ၊ အလှူရှင်များ၊ အဖွဲ့အစည်းများ၏ လှူဒါန်းမှုများဖြင့် ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း) က ၂၀၁၇ ခုနှစ် မေလ ၅ ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့သည်။

ဖန်ခါးမြေဟု ခေါ်တွင်သည့် မကွေးမြို့နယ်ရှိ စမ်းမကြီးရွာတွင် သောက်သုံးရေ ရရှိစေရန် ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်းက DANDO ရေတွင်းတူးစက်ကြီးဖြင့် တူးဖော်ပေးနိုင်ခဲ့သည်။ 

မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းမြို့ တောင်စွန်းတိုက်နယ် ဆေးရုံတွင် ရွှေပြည်တော်ဆုံမှတ် ပရဟိတအသင်းက ပထမဆုံး စက် ရေတွင်း တူးဖော် လှူဒါန်းလျက်ရှိသည်။ 

ပဲခူးတိုင်းဒေသကြီးရှိ ရေရှားပါးသော ကျေးရွာများသို့ မီးသတ်တပ်ဖွဲ့ဝင်များက မေလ ၅ ရက်နေ့တွင် သောက်သုံးရေ ဖြန့်ဝေပေးနေစဉ်။

သောက်သုံးရေဘူးများ အိမ်တိုင်ရာရောက် ပေးဝေနေသော ရဲတပ်ဖွဲ့ဝင်များ။

ကံမမြို့နယ်ရှိ ရေရှားပါးသော ဒေသများသို့ အလှူရှင်များက သောက်သုံးရေများ လှူဒါန်းပေးစဉ်။ 




  • VIA