News

POST TYPE

PHOTO ESSAYS

အပြောင်းအလဲတွေနဲ့ ရန်ကုန်
26-Mar-2017 tagged as

အပြောင်းအလဲတွေနဲ့ ရန်ကုန်

ဓာတ်ပုံ - The Voice

ရန်ကုန်မြို့လယ် ဆူးလေစင်တာပွိုင့် လူကူးခုန်းကျော် တံတားပေါ်မှာ မြန်မာ့ရိုးရာ ပုသိမ်ထီး ရောင်စုံနဲ့ အလှဆင်ထားတာကို ဆူးလေ စေတီတော်နဲ့ ပနာသင့်စွာ တွေ့မြင်ရမှာပါ။

အားကစားကွင်းတွေ ရှားပါးတာကို ရန်ကုန်မြို့တော် စည်ပင်အနေနဲ့ ပြင်သစ်ယဉ်ကျေးမှုအဖွဲ့ အကူအညီနဲ့ ဖြေရှင်းပေးခဲ့ပါတယ်။ ခုန်းကျော် တံတား အနုပညာ စီမံကိန်းကြောင့် မြေနီကုန်း ခုန်းကျော် တံတားအောက်မှာ ဘောလုံး အားကစားနည်းကို ချစ်မြတ်နိုးတဲ့လူငယ်တွေ အန္တရယ်ကင်းကင်းနဲ့ ဘောလုံး ကစားခွင့် ရနေပါပြီ။

တစ်ပတ်မှာ စနေ၊ တနင်္ဂနွေနှစ်ရက်သာ ဖွင့်လှစ်ရောင်းချတဲ့ သိမ်ဖြူလမ်းပေါ်က စာအုပ်ဈေးတန်းကလည်း လက်ရှိ အစိုးရလက်ထက် ရန်ကုန်မြို့ကြီးရဲ့  ပြောင်းလဲမှုတစ်ခုပါ။


ရန်ကုန်မြို့တော်မှာ အသိသာဆုံး ပြောင်းလဲမှုတွေထဲက တစ်ခုကတော့ မြို့လယ်တစ်လျှောက်မှာရှိတဲ့ ဈေးဆိုင်တန်းတွေကို ကမ်းနားလမ်းမှာ ညဈေးတန်းအဖြစ် ပုံဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြင်သစ် ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပခဲ့တဲ့ “မင်္ဂလာပါ မြန်မာ” ပွဲတော်ဟာ မြန်မာ - ပြင်သစ် သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

ယခုနှစ်မှာ ကျရောက်တဲ့ တရုတ်နှစ်သစ်ကူးကို တရုတ်တန်း တစ်လျှောက်မှာ အနီရောင် မီးပုံတွေနဲ့ အလှဆင်ထားတာပါ။

ရန်ကုန်မြို့လယ်က သမိုင်းဝင် မဟာဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်း ဓာတ်ပုံပြပွဲကို လာရောက် ကြည့်ရှုသူတွေနဲ့ စည်ကားခဲ့ပါတယ်။

ရန်ကုန်မြို့တော်က အဓိက သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ မထသကို YBS စနစ် ပြောင်းလဲခဲ့တာကြောင့် ရန်ကုန်မြို့ ခရီးသွား ပြည်သူတွေအနေနဲ့ အစပိုင်းမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။


  • TAGS