News

POST TYPE

PHOTO ESSAYS

မော်လိုက်မြို့က ပျားစွဲဆင်စခန်း
12-Mar-2017 tagged as

မော်လိုက်မြို့က ပျားစွဲဆင်စခန်း

ဓာတ်ပုံ - ငြိမ်းသူမင်း


လာရောက် လည်ပတ်တဲ့ ခရီးသွားတွေ သွားလိုရာကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ဆင်ကြီးတွေကို ဆင်ဦးစီးတွေက အစာကျွေးနေတာကို တွေ့ရတာပါ။ 

လာရောက် လည်ပတ်တဲ့ ခရီးသွားတွေ သွားလိုရာကို လိုက်ပါ ပို့ဆောင်ပေးခဲ့တဲ့ ဆင်ကြီးတွေကို ဆင်ဦးစီးတွေက အစာကျွေးနေတာကို တွေ့ရတာပါ။ 

ပျားစွဲဆင်စခန်းက အသက် ၆၀ ကျော်အရွယ် ဆင်ကြီးတစ်ကောင် အစာတောင်းနေတဲ့ဟန်က ကလေးတွေ မုန့်မရလို့ ငိုတော့မယ့်အတိုင်းပါပဲ။ 

ပျားစွဲဆင်စခန်းကို လာရောက် လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက တွေ့ရတာပါ။

မော်လိုက်မြို့ အနောက်ဘက် လေးမိုင်အကွာမှာရှိတဲ့ မော်ကူးကြိုးပြင် ကာကွယ်တောအတွင်းကို ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်နိုင်ဖို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ပျားစွဲ ဆင်စခန်း ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီဆင်စခန်းမှာ သက်ကြီးဆင်အို ခုကောင်နဲ့ လသားအရွယ် ဆင်ပေါက်လေးတစ်ကောင် ရှိပါတယ်။

ပျားစွဲဆင်စခန်းက အသက် အကြီးဆုံးဖြစ်တဲ့ အသက် ၆၄ နှစ်အရွယ် ဆင်ထီးကြီးမွန်ကို လုပ်ငန်းခွင်ဝင်ဖို့ တောထဲကနေ ဆင်စခန်းကို ခေါ်လာတာပါ။

ပျားစွဲဆင်စခန်းမှာမွေးတဲ့ ရှစ်လသားအရွယ် ဆင်မလေး ငြိမ်းဝင်းဝင်းနဲ့ သူ့မိခင် ဆင်မကြီးတို့ စလူ ချောင်းထဲမှာ ရေချိုးနေတာက မြင်ရသူတွေရဲ့ ဘဝင်ကို အေးမြစေပါတယ်။

ပျားစွဲဆင်စခန်းအဝင်မှာ ဆင်တွေကိုနိုင်တဲ့ ဆင်ထိန်းနတ်များဖြစ်တဲ့ နယ်ပိုင်ရှင် ဖိုးသီလရှင်နဲ့ မော်လိုက်နယ်ပိုင် ဥုတေန ဖိုးသီလရှင် နတ်ကွန်းနှစ်ခုကို ဆင်ဦးစီးက တစ်နေ့တာ လုပ်ငန်းခွင်မဝင်မီ ပူဇော်ပသနေတာပါ။

ပျားစွဲဆင်စခန်းကို လာရောက်လည်ပတ်တဲ့ ခရီးသွား ဧည့်သည်တွေအနေနဲ့ တောတွင်းကို ဆင်စီးပြီး လေ့လာနိုင်ပါတယ်။


  • TAGS