News

POST TYPE

PHOTO ESSAYS

ခေါနူးစုမ် အလှတရား
19-Feb-2017 tagged as

ခေါနူးစုမ် အလှတရား

ဓာတ်ပုံ - မြတ်(ကလေး)

ဒီလိုမြင်ကွင်းမျိုးကို ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်းတစ်သောင်းကျော်အမြင့်က ခေါနူးစုမ် အမျိုးသားဥယျာဉ်ထဲမှာ မြင်တွေ့နိုင်ပါတယ်။ ချင်းပြည်နယ် ကန်ပက်လက်မြို့အနီးမှာ တည်ရှိတာပါ။

တိမ်တွေရဲ့အထက်က တောင်တန်းတွေကြားမှာ ပွင့်အာနေတဲ့ တောင်ဇလပ်ပန်း နီနီရဲရဲတို့ကို မနက်စောစောမှာ ကြည့်ဖူးကြပြီလား။ 

တိမ်တွေရဲ့အထက်က တောင်တန်းတွေကြားမှာ ပွင့်အာနေတဲ့ တောင်ဇလပ်ပန်း နီနီရဲရဲတို့ကို မနက်စောစောမှာ ကြည့်ဖူးကြပြီလား။ 

ခေါနူးစုမ်ဝန်းကျင်မှာသာရှိတဲ့ ပျောက်ကွယ်တော့မယ့် ပါးမည်းထိုးထားတဲ့ ချင်းမိခင်ကြီးတွေကိုလည်း လေ့လာစူးစမ်းနိုင်ကြဦးမှာပါ။ 

ခေါနူးစုမ်ဆိုတာက ချင်းဘာသာနဲ့ခေါ်တာဖြစ်ပြီး မြန်မာလိုကတော့ ချင်းတို့ရဲ့ မိခင်တောင်တန်းလို့ ခေါ်ဆိုရမှာပါ။ ခေါနူးစုမ်အပြင် နတ်မတောင်၊ ဝိတိုရိယတောင်လို့လည်း အမည်တွေ တွင်ပါသေးတယ်။ 

တောင်အောက်ကနေ တောင်ပေါ်ကိုတက်တဲ့ လမ်းခရီးတစ်လျှောက်မှာ ထင်းရှူးပင်တောင်ကြီးတွေထဲကို ဖြတ်သန်းသွားတဲ့အချိန် တောင်ပေါ် လေနုအေးတွေကြားထဲ သင်းပျံ့ပျံ့ ထင်းရှူးရနံ့က ချင်းတောင်တန်းကြီးဆီကနေ ပြန်ချင်စိတ်တောင် ပျောက်သွားစေပါမယ်။ တောင်ထိပ်ရောက်ရင်တော့ ဘယ်တုန်းကမှ မမြင်တွေ့ဖူးတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာပါ။ 

  • TAGS