News

POST TYPE

PHOTO ESSAYS

မန္တလေး၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အတွင်း ရေကြီးမှုများ
02-Aug-2016


ဧရာဝတီမြစ်ရေ တိုးလာတာကြောင့် တောင်သမန်အင်းမှာရှိတဲ့ နံ့သာရေတံခါးကနေ ရေလွှတ်ပေးနေရပါပြီ။ အဲဒါကြောင့် တံခွန်တိုင်နဲ့ နံ့သာရပ်ကွက်မှာ နေထိုင်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရပြီ ဖြစ်ပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ တီးတိန်နဲ့ တွန်းဇံမြို့ကို ဆက်သွယ်ပေးထားတဲ့ တစ်ခုတည်းသော တံတား၊ Vial Cian လို့ အမည်ပေးထားတဲ့ တံတားဟာ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းမှာတင် မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ရေတိုက်စား ပျက်စီးခဲ့ပါတယ်။

နံ့သာရေတံခါးကနေ ရေလွှတ်ပေးလိုက်တာကြောင့် ဒေသခံများကို မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ် ရေယာဉ်များဖြင့် ကူညီကယ်ဆယ်ပေးနေရပါတယ်။

ပခုက္ကူမြို့မှာ ဧရာဝတီမြစ်ရေဟာ သြဂုတ်လ ၁ ရက်နေ့ ညနေ့ ၅ နာရီခွဲအချိန် တိုင်းထွာချက်အရ ၂၂၂၈ စင်တီမီတာ ၇၃ ပေ သို့ ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲ မြင့်တက်လာတာကြောင့် ပခုက္ကူမြို့ အနိမ့်ပိုင်းမှာရှိတဲ့ ဒေသခံတွေ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေရပါပြီ။  

ဧရာဝတီမြစ်ရေ တက်လာနေတဲ့အတွက် သပိတ်ကျင်း မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှု မဖြစ်ရအောင်နဲ့  ကဘဲ့ရပ်ကွက်မှာရှိတဲ့ အများသုံးတံတား အမှိုက်တွေ မပိတ်ဆို့ရလေအောင် သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှာ စည်ပင်သာယာ၊ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ အရေးပေါ် ရှင်းလင်းနေတာပါ။

ဧရာဝတီမြစ်ရေဟာ မင်းဘူးမြို့မှာလည်း တက်လာနေပြီ ဖြစ်တဲ့အတွက် အမှတ် ၃ ရပ်ကွက် ဒေသခံ အိမ်ထောင်စု ၁၄၁ ခုက လူဦးရေ ၆၅၆ ဦးဟာလည်း အထက ၁ မှာရှိတဲ့ ဘောလုံးကွင်းထဲမှာ ပြောင်းရွှေ့ နေထိုင်ရပြီ ဖြစ်ပါတယ်။