POST TYPE

PHOTO ESSAYS

ခူမီး နှစ်သစ်ကူးပွဲတော်
04-Dec-2016 tagged as ချင်းပြည်နယ်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့ကို အမှီပြုပြီး နေထိုင်ကြတဲ့ ခူမီး ချင်းမျိုးနွယ်စုတွေရဲ့ နှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျင်းပကြပါတယ်။ ပလက်ဝ၊ ဆမီး စတဲ့ ဒေသတွေမှာ အများဆုံး နေထိုင်ကြပြီး လူဦးရေ ကိုးသောင်းကျော် ရှိပါတယ်။ ပွဲတော်ကာလ ဆိုရင်တော့ ဇာတိမြို့ကို ပြန်လာကြပြီး ပွဲတော်ဆင်နွှဲကြရပါတယ်။

လူဦးရေ ကိုးသောင်းကျော်ခန့်ရှိတဲ့ ခူမီးလူမျိုးတို့ရဲ့ ရိုးသားဖြူစင် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ဓလေ့စရိုက်တွေကို လေ့လာချင်တယ် ဆိုရင်တော့ ခူမီးနှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရင်းမှ လေ့လာဖို့ အကောင်းဆုံးဖြစ်မှာပါ။ 

လူဦးရေ ကိုးသောင်းကျော်ခန့်ရှိတဲ့ ခူမီးလူမျိုးတို့ရဲ့ ရိုးသားဖြူစင် ပွင့်လင်းတဲ့ စိတ်ထားနဲ့ ဓလေ့စရိုက်တွေကို လေ့လာချင်တယ် ဆိုရင်တော့ ခူမီးနှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲရင်းမှ လေ့လာဖို့ အကောင်းဆုံးဖြစ်မှာပါ။ 

ခူမီးနှစ်သစ်ကူးပွဲ ကျင်းပရတဲ့ ရည်ရွယ်ချက်က နှစ်ဟောင်းက မကောင်းမှု အခက်အခဲတွေ၊ အနှောင့်အယှက်တွေ ပျောက်ကွယ်ပြီး နှစ်သစ်မှာ ကံကောင်းခြင်းတွေနဲ့အတူ အောင်မြင်မှုတွေ ရစေဖို့အတွက်လို့ ဆိုပါတယ်။ 

မိရိုးဖလာ တောင်ယာလုပ်ငန်းနဲ့ အသက်မွေးကြသူတွေအတွက် လုပ်ငန်းသစ် စတင်ဖို့ အောက်တိုဘာလကုန်မှာ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီး တအိုင်လို့ခေါ်တဲ့ ကောက်သစ်စားပွဲကို လုပ်ကြတယ်။ ဒီဇင်ဘာလ ၁ ရက် နှစ်သစ်ကူး ပွဲတော်ကိုပါ ကျင်းပပြီးတဲ့အခါမှ တောင်ယာလုပ်ငန်းနဲ့ စီးပွားရေး လုပ်ငန်းသစ်တွေကို စတင်ကြရပါတယ်။ ဒါမှလည်း စီးပွားဥစ္စာတိုးမှာ ဖြစ်တယ်လို့ ဘိုးဘွားတို့က မှာကြားခဲ့ပါတယ်။

အရင်တုန်းကတော့ ပွဲတော်ကို လာရောက်ကြသူတွေအတွက် ရိုးရာခေါင်ရည်နဲ့ စားသောက်ဖွယ်ရာတွေကို ဧည့်ခံတယ်။ ဒေသအကြောင်း သီကုံးထားတဲ့ သီချင်းတွေနဲ့ ကခုန်ခဲ့ကြပေမယ့် အခုအခါကျတော့ ရိုးရာအက အလှတွေအပြင် ခေတ်ပေါ်စတိတ်ရှိုးနဲ့ ပျော်ပွဲရွှင်ပွဲတွေ၊ ပြခန်းနဲ့ ထူးချွန်ဆုချီးမြှင့်ခြင်းတွေကိုပါ ပြုလုပ်လာကြပါပြီ။ 


နှစ်ကျပ်သားလောက်လေးတဲ့ ငွေနားတောင်းကြီးတွေကို ပန်ဆင်ထားတဲ့ ခူမီးအမျိုးသမီးကြီးတွေကို လေ့လာနိုင်ဖို့၊ ကြည်လဲ့စိမ်းတဲ့ ယာပန်းခေါ် ကုလားတန်မြစ်ထဲမှာ ရေချိုးရင်း အပန်းဖြေနိုင်ဖို့ပါ။