News

POST TYPE

PHOTO ESSAYS

ရန်ကုန် ကမ်းနားလမ်း ညဈေးတန်း
27-Nov-2016 tagged as ညဈေး

ရန်ကုန်မြို့လယ် တစ်လျှောက်မှာရှိတဲ့ လမ်းဘေးဈေးသည်တွေအတွက် အဓိကရည်ရွယ်ပြီး ကမ်းနားလမ်းတစ်လျှောက် ဖွင့်လှစ်ထားတဲ့ ရန်ကုန်မြို့ရဲ့ ညဈေးတန်းကို မြင်တွေ့ရပါတယ်။

ထူးထူးခြားခြား အနေနဲ့ ညဈေးတန်းတစ်လျှောက် ရောင်းချကြတဲ့ ဈေးဆိုင်တွေထဲမှာ ပင်လယ်စာကောင်းကောင်း ရတဲ့ ဆိုင်တစ်ဆိုင်မှ ပင်လယ်ကဏန်းတွေ တွေ့ရပါတယ်။
ကမ်းနားဈေးမှာ ဆိုင်ခန်းနေရာ မရနိုင်တဲ့ ပခုံးထမ်းဈေးသည် တချို့ကလည်း နေရာလွတ်တချို့မှာ လာရောက်ရောင်းချကြပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ညဈေးတန်း လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရန်ရဲကားတစ်စီး လုံခြုံရေးယူပေးနေတာ ဖြစ်ပါတယ်။
ကမ်းနားလမ်း တစ်လျှောက်က ဓာတ်မီးတိုင်တွေမှာ ဈေးလုံခြုံရေးအတွက် CCTV Camera တွေ တပ်ဆင်ထားပါတယ်။
မြို့တွင်းခြောက်မြို့နယ် အတွင်းမှာသာ ပြေးဆွဲနိုင်တဲ့ ကမ်းနားလမ်း ညဈေးတန်းရဲ့ တစ်စီးတည်းသော ပထမဆုံးလိုင်စင်ရ သုံးဘီး ဆိုက်ကားပါ။
ညဈေးတန်းကို လာရောက်လည်ပတ်ကြတဲ့ ပြည်သူတွေ ကျန်းမာရေးအတွက် အခမဲ့အိမ်သာတွေ ချထားပေးပါတယ်။

 ကမ်းနားလမ်း ဈေးတစ်လျှောက်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကနေ အခမဲ့ ရေပေးဝေထားပါတယ်။
အသစ်ဖွင့်လှစ်ထားတဲ့ ကမ်းနားလမ်းဈေးကို ညနေပိုင်း ၆ နာရီမှ ညပိုင်း ၁၂ နာရီထိသာ ခွင့်ပြုထားပါတယ်။