News

POST TYPE

PHOTO ESSAYS

တံတားဦးတွင် ဧရာဝတီမြစ်ရေတိုးမှုကြောင့် ကျေးရွာ ၂၄ ရွာ ရွှေ့ပြောင်းနေထိုင်ရ
တံတားဦး၊ ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့တွင် ဧရာဝတီမြစ်ရေတိုးမှုကြောင့် ကျေးရွာ ၂၄ ရွာ ပြောင်းရွှေ့နေထိုင်နေရကြောင်း အဆိုပါ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

မြစ်ရိုးတစ်လျောက်နှင့် အင်းဝဒေသအတွင်းရှိ ကျေးရွာများ ရေဝင်ရောက်နေပြီး ကယ်ဆယ်ရေး စခန်းပေါင်း ၂၀ ဖွင့်လှစ်ထားရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားသည်။

"လက်ရှိမှာတော့ စိုးရိမ်ရတဲ့အနေအထား မရှိသေးပါဘူး။ ဒေသခံတွေ၊ မီးသတ်တွေ၊ ဌာနဆိုင်ရာတွေ စုပေါင်းပြီး သဲအိတ်ဖို့တာတွေ ကူညီရေးတွေ လုပ်ကိုင်နေပါတယ်။ နောက်ထပ် တစ်ရက်နှစ်ရက် မိုးဆက်ရွာပြီး ရေနှစ်ပေလောက် ထပ်တက်မယ်ဆိုရင်တော့ စိုးရိမ်ရတဲ့ အနေအထား ရောက်လာမှာပါ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အိမ်ထောင်စု ၃၃၄ စုမှ လူဦးရေပေါင်း ၁၃၀၀ ခန့်ကို ရေလွတ်ရာရွှေ့ပြောင်းပေးထားရကြောင်း မြို့နယ်ထွေအုပ်ရုံးမှ ထပ်မံ သိရှိရသည်။

ဓာတ်ပုံ - မြတ်(ကလေး)

















ABOUT AUTHOR

(မြတ်(ကလေး))