News

POST TYPE

PHOTO ESSAYS

မန္တလေး ညနေခင်း

မြန်မာတို့ရဲ့ နောက်ဆုံး မင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးမြို့ဟာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ လက်မှုလုပ်ငန်းတွေ၊ ဗိသုကာလက်ရာမြောက်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ သဘာဝလှပတဲ့ ရှုမျှော်ခင်းတွေနဲ့ နန်းဆန်တဲ့ မြို့တစ်မြို့ပါ။ အဲဒီလို ရှုခင်းတွေနဲ့ မန္တလေးမြို့ရဲ့ ညနေခင်း အလှအပ မြင်ကွင်းပုံရိပ် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး စာအုပ်ကြီးလို တင်စားထားတဲ့ ကျောက်စာချပ်တွေ ရှိရာ ကုသိုလ်တော်ဘုရားရဲ့ နေဝင်ဆည်းဆာချိန်ပါ။

ညနေခင်း အကျော်မှာတော့ မန္တလေးတောင်တော် ဓာတ်တော်တိုက်ကနေကြည့်ရင် မြင်ရတဲ့ ညရှုခင်းဟာဖြင့် ရင်သပ်ရှုမောဖွယ်ရာပါ။

မန္တလေးရဲ့ နေဝင်ဆည်းဆာကို အကောင်းဆုံးကြည့်မြင်နိုင်တဲ့ မန္တလေးတောင်ရဲ့  ညနေခင်း။

မန္တလေးမြို့ဟု ဆိုလိုက်ရင် မန္တလေး ဈေးချိုတော်ကြီးနဲ့ ဈေးချိုနာရီစင်ကြီးကို ပြေးမြင်တတ်ကြသလို ဈေးချိုတော် ညနေခင်းချိန်ခါဟာလည်း အလုပ်ဆင်း အိမ်ပြန်ကြသူတွေနဲ့ တစ်မျိုးတစ်ဖုံ လှပနေလို့ပါပဲ။

မန္တလေးတောင်တော်ကြီးကို ဦးတိုက်ဖူးမြော်ရင်း ကျုံးတောင်ဘက်ခြမ်းမှာလည်း ညနေခါဆို ကျန်းမာရေးအတွက် လမ်းလျှောက်ကြသူတွေနဲ့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ကြသူတွေလည်း အများအပြားပေါ့။

ကျုံးအရှေ့ဘက် နန်းရှေ့တံတားပေါ်ကနေ မန္တလေးတောင်တော်ကြီးကို အနီးကပ် မြင်ရသလို ကျုံးရေပြင်ပေါ် ဖြတ်တိုက်လာတဲ့ ညနေခင်းဆောင်းလေ အေးလေးကြောင့်လည်း တံတားပေါ်မှာ ညနေခင်းချိန်ခါဆိုရင် လူစည်ကားလို့ပေါ့။


ပုံစံမျိုးစုံ၊ အရောင်သွေးမျိုးစုံနဲ့ လှပနေတဲ့ ကမ္ဘာကျော် ဦးပိန်တံတားရဲ့ ညနေခင်း နေဝင်ချိန်အလှဟာ ဘယ်တော့မှ ရိုးမသွားနိုင်ပါဘူး။


တောင်သမန်အင်း ရေပြင်ကျယ်ထဲမှာ ညနေခင်း တိမ်တိုက်အလှအပတွေကို ခံစားရင်း လှေစီးကြသူတွေကလည်း အများအပြားပါ။