News

POST TYPE

PHOTO ESSAYS

မြန်မာ့သမိုင်းထဲက အင်ဖာမြို့(Daily, Vol-7/No-146)
29-Sep-2019
မြန်မာ့သမိုင်းထဲက အင်ဖာမြို့

အိန္ဒိယ- မြန်မာနယ်စပ် မဏိပူရ်ပြည်နယ်၏မြို့တော် အင်ဖာသည် ရှေးဘုရင်များခေတ်က ကသည်းပြည်ဟု ခေါ်ခဲ့ကြသည့်နေရာ မြန်မာစစ်သူကြီး မဟာဗန္ဓုလ တိုက်ခိုက်သိမ်းပိုက်ခဲ့သောမြို့ ဖြစ်သည့်အပြင် ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်က ဆုတ်ခွာလာသည့် ဗြိတိသျှတပ်များနှင့် ဂျပန်တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂျပန်စစ်သည် အများအပြား ကျဆုံးခဲ့သည့်မြို့လည်း ဖြစ်သည်။ အင်ဖာမြို့၏ နေထိုင်သူလူနေမှုပုံစံသည် အိန္ဒိယမြို့ပြပုံစံ ဖြစ်မနေဘဲ မြန်မာတို့၏ နေထိုင်မှုပုံစံများနှင့် ဆင်တူသည်ဟု ဆိုကြသည်။ ထို့ကြောင့် အင်ဖာမြို့၏ နေထိုင်မှုပုံစံများ၊ စရိုက်များ၊ ယဉ်ကျေးမှုနှင့် ရှေးဟောင်း အမွေအနှစ်နေရာတို့၏ မြင်ကွင်းပုံရိပ်များကို ဖော်ပြအပ်ပါသည်။

ဓာတ်ပုံ - မင်းထက်စံ