News

POST TYPE

PHOTO ESSAYS

ကရင်နယ်ခြားစောင့်တပ် ၉ နှစ်ပြည့်ချိန်
25-Aug-2019
ကရင်ပြည်နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) မှခွဲထွက်ကာ ဗိုလ်မှူးစောချစ်သူ ဦးဆောင်သော ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင်တပ်မတော် (DKBA) အဖြစ်ရပ်တည်ပြီး ကရင်လက်နက်ကိုင် အချင်းချင်း တိုက်ပွဲများဖြစ်ပွားခဲ့ကာ ၂၀၁၁ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် သဘောတူညီမှုရယူ၍ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ခဲ့သည်။ ကရင့်လက်နက်ကိုင်တပ်ဖွဲ့များအကြားတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ကို သစ္စာဖောက်သူ၊ ကိုယ်ကျိုးစီးပွားရှာသူ စသည်ဖြင့် ဝေဖန်ခဲ့ကြပြီး လက်ရှိတွင်လည်း ရွှေကုက္ကိုမြိုင်နှင့် မြဝတီတို့တွင် တရုတ်ကုမ္ပဏီများဖြင့်ပူးပေါင်းရန် ကာစီနိုလောင်းကစားရုံများ ပူးပေါင်းလုပ်ဆောင်နေသည်ဟု ပြောဆိုကြသည်။ ပြီးခဲ့သည့်နှစ်ပိုင်းကလည်း ကရင်ပြည်နယ် နယ်ခြားစောင့်တပ်နှင့် ခွဲထွက် DKBA တို့ မြိုင်ကြီးငူဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။ လက်ရှိကျင်းပပြီးစီးခဲ့သော နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၏ ၉ နှစ်ပြည့် အခမ်းအနားတွင် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအပြင် နိုင်ငံရေးပါတီများ၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။

ဓာတ်ပုံ - မင်းထက်စံ