POST TYPE

PHOTO ESSAYS

ကထိန်ပွဲတော်
13-Nov-2016 tagged as ကထိန်

မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ယခုရက်ပိုင်းအတွင်း ကာလဒါန အလှူဖြစ်သည့် ကထိန်လျာ သင်္ကန်းဆက်ကပ် လှူဒါန်းပွဲများကို ကျင်းပလျက်ရှိရာ ဒေသအချို့၏ ကထိန်အလှူမြင်ကွင်း ပုံများကို ကောက်နုတ်ဖော်ပြပါသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် နိုဝင်ဘာ ၁၂ ရက်က မြို့နယ်လုံးကျွတ် မဟာဘုံကထိန် ပွဲတော်ကို ပြုလုပ်ခဲ့ရာ ပဒေသာပင်များ မြို့တွင်းလှည့်လည် ပို့ဆောင်ခဲ့သည်။

The Voice မိသားစုများနှင့် နှစ်သစ်ဦး ပုံနှိပ်တိုက် ဝန်ထမ်းများ၏ စုပေါင်းကထိန် အလှူ

ဝက်လက်မြို့တွင် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပြုလုပ်သော ဘုရားကြီးပွဲကထိန်၌ တေးသံရှင် မနော၏ ဗိုလ်အောင်ဒင် သီချင်းဖြင့် ဖျော်ဖြေနေစဉ်။ 

မလွန်ကြက်သွန်တန်းရပ် မိသားစု စုပေါင်းဘုံကထိန်တော်ကို စစ်ကိုင်းတောင်ရိုး ဇမ္ဗူထိန်လင်းချောင်တွင် ပြုလုပ်ခဲ့ပုံ။

ကလေးမြို့ စခန်းကြီးကျေးရွာ၏ စုပေါင်းဘုံကထိန်သို့ လာရောက်ကြသူများကို ကျွေးမွေးဧည့်ခံကြသည်။

တောင်ကြီးမြို့ ပိဋကတ် ရှမ်းဘာသာပြန်ကျောင်းတွင် ပြုလုပ်သော ဓနုတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ကထိန်အလှူတွင်  ပဒေသာပင်များကို အမျိုးသမီးငယ်များကပါ သယ်ဆောင်လာသည်။

The Voice မိသားစုများနှင့် နှစ်သစ်ဦး ပုံနှိပ်တိုက် ဝန်ထမ်းများ၏ စုပေါင်းကထိန်အလှူကို ပုလဲမြို့သစ်ရှိ ဓမ္မဇေယျာ ပရိယတ္တိ စာသင်တိုက်တွင် နိုဝင်ဘာ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ ပိဋကတ် ရှမ်းဘာသာပြန်ကျောင်းတွင် ပြုလုပ်သော ဓနုတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ကထိန်အလှူတွင်  ပဒေသာပင်များကို အမျိုးသမီးငယ်များကပါ သယ်ဆောင်လာသည်။