News

POST TYPE

PHOTO ESSAYS

မြန်မာ့တူရိယာ စောင်းကောက်လုပ်ငန်း (Daily, Vol-7/No-50)
09-Jun-2019
ကမ္ဘာပေါ်ရှိ တူရိယာများအနက် ရှေးအကျဆုံး တူရိယာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် စောင်းတူရိယာကို မြန်မာလူမျိုးတို့လည်း မြတ်နိုးစွာ တီးခတ်ကြသည်။ မြန်မာ့ကြိုးတပ်တူရိယာ တစ်ခုဖြစ်သည့် စောင်းတူရိယာကို ပုဂံခေတ်ကပင် တီးခတ်ခဲ့ကြသည်ဟု အမှတ်အသားများ တွေ့ရှိရသည်။ မြန်မာ့တူရိယာများတွင် စောင်းတူရိယာသည် နိုင်ငံ၏ယဉ်ကျေးမှုအထိမ်းအမှတ် တူရိယာတစ်မျိုးလည်း ဖြစ်သည်။ ထိုသို့ မြန်မာ့တူရိယာ စောင်းကောက်လုပ်ငန်းကို မြောက်ဥက္ကလာပမြို့နယ်တွင် မြန်မာစောင်းပညာရှင်ကြီး၏ အဆက်အနွှယ်များက ဆင့်ပွားလက်ဆင့်ကမ်း သယ်ဆောင်ကာ စောင်းပညာရှင်၊ စောင်းဝါသနာရှင်များအတွက် ထုတ်လုပ်ရောင်းချပေးလျက်ရှိသည်။ အခက်အခဲများကြားမှ ရုန်းကန်ရပ်တည်နေရသည့် မြန်မာ့စောင်းလုပ်ငန်း၏ လုပ်ငန်းလုပ်ကိုင်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်

ဈေးကွက်တွင် ရောင်းချမည့် စောင်းကောက်ကို စမ်းသပ်တီးခတ်နေပုံ။

ပိနဲသားဖြင့်ထွင်းထားသည့် စောင်းအိုးခွက်အပြင်ခြမ်းကို အချောကိုင်နေစဉ်။

စောင်းကောက်ထားရှိသည့် ခုံငယ်ကို ဒေါင်းကနုတ်ဖြင့် အလှဆင်နေစဉ်။

စောင်းအိုးခွက်နှင့် စောင်းလက်ရုံး ချိတ်ဆက်ရန် တိုင်းထွာမှု ပြုလုပ်နေစဉ်။

စောင်းကောက်တွင် အဓိကအရေးပါသည့်စောင်းလက်ရုံးကို စောင်းအိုးနှင့် ချိတ်ဆက်ရန် အချောကိုင်မှုများပြုလုပ်နေစဉ်။

စောင်းအိုးနှင့် စောင်းလက်ရုံးတွင် အလှဆင်ရန် သစ်စေးတုံးနှင့် နွားချေးကိုပြာချကာ ရောနှော၍ ကနုတ်ပုံစံဖော်ရန်ပြုလုပ်နေစဉ်။

စောင်းကောက်ထားရှိသည့် ခုံငယ်ကို ဆေးအနီရောင်ဖြင့် အလှဆင်နေစဉ်။

စောင်းကောက်ပြုလုပ်ရန် ထွင်းထားသည့် စောင်းအိုးခွက် အကြမ်းထည်များ။

စောင်းအိုးထိပ်ကို ပိတ်ရသည့် ဆိတ်သားရေများ။