News

POST TYPE

PHOTO ESSAYS

ပြင်ဦးလွင်နှင့် တန်ဆောင်တိုင်ပွဲတော်
06-Nov-2016

ရောင်စုံမီးတွေနဲ့ အလှဆင်ထားတဲ့ ရထားလုံးတွေ၊ ညဦးပိုင်းကနေ သန်းခေါင်းကျော်အထိ တစ်သင်းပြီးတစ်သင်း ယှဉ်ပြိုင်ကြတဲ့ မီးပုံပြိုင်ပွဲဝင်တွေရဲ့ ယှဉ်ပြိုင်ဟန်၊ အကမျိုးစုံနဲ့အတူ နိုင်ငံကျော် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကိုပါ ကွင်းထဲမှာ ခံစားနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်နေ့ အိမ်ပြန်ချိန်မှာတော့ ဒါတွေက ပြန်ပြီး စားမြုံ့ပြန်ပြောနေကြရမယ့် အကြောင်းအရာတွေ ဖြစ်နေမှပါ။ 

နေ့လည်စာထမင်းစားပြီး ခဏနားလို့ နှီးဘုရား၊ ပွဲကောက်ရေတံခွန်၊ ပိတ်ချင်းမြောင် စတဲ့ နေရာတွေကို ကြိုက်နှစ်သက်ရာရွေးပြီး အပန်းဖြေနိုင်ကြပါတယ်။ ညနေခင်း လေးနာရီလောက်မှာတော့ မီးပုံပျံကွင်း ကျင်းပတဲ့ ပြည်ချစ်ဘုရားလို့ခေါ်တဲ့ မဟာအံ့ထူးကံသာ ဘုရားကွင်းပြင်ဆီ သွားနိုင်ကြပါပြီ။ 

ကန်တော်ကြီးထဲမှာတော့ ဓာတ်ပုံရိုက်ချင်စရာ နေရာတွေက အများ ကြီးပါ။ တစ်နှစ်မှ တစ်ခေါက် ရောက်ဖြစ်တဲ့သူတွေ အတွက်ကတော့ အမှတ်တရပုံရိပ်တွေ ဖန်တီးလို့ မမောနိုင် မပန်းနိုင်အောင်ပါပဲ။ 

ကန်တော်ကြီးထဲမှာတော့ ဓာတ်ပုံရိုက်ချင်စရာ နေရာတွေက အများ ကြီးပါ။ တစ်နှစ်မှ တစ်ခေါက် ရောက်ဖြစ်တဲ့သူတွေ အတွက်ကတော့ အမှတ်တရပုံရိပ်တွေ ဖန်တီးလို့ မမောနိုင် မပန်းနိုင်အောင်ပါပဲ။ 

မြို့လယ်နာရီစင်အနီးမှာရှိတဲ့ ရထားလုံးဂိတ်တွေဆီသွားလို့ ရှားပါးလာပြီ ဖြစ်တဲ့ ရထားလုံးကိုစီးပြီး မြို့ပတ်တဲ့ အရသာကို ခံစားနိုင်ပါတယ်။ ရထားလုံးတစ်စီးမှာ ခြောက်ဦးလောက် စီးနိုင်ပြီး ကန်တော်ကြီးကို အသွားအပြန် ကျပ်ငါးထောင်လောက်ပဲ ပေးရပါတယ်။ 

အနယ်နယ်အရပ်ရပ်က လာရောင်းကြတဲ့ ဈေးသည်တွေနဲ့အတူ များပြားလှတဲ့ လူအုပ်ကြားတဲ့ တစ်လှမ်းချင်းလှမ်းရင်း တိုးတိုးဝှေ့ဝှေ့ သွားရတဲ့ အရသာကြောင့် ချမ်းလို့ချမ်းမှန်း၊ အေးလို့အေးမှန်း သိတော့မှာ မဟုတ်ပါဘူး။ ခါးပိုက်နှိုက်တွေတော့ သတိထားရပါမယ်။ 

မနက်စောစော ဆောင်းလေညှင်းနဲ့အတူ ပြင်ဦးလွင်မြို့အနှံ့ လည်ပတ်ရင်း ဒေသအစားအစာတွေ မြည်းစမ်းပြီး လက်ဆောင်ပစ္စည်းတွေ ဝယ်နိုင်ကြပါတယ်။ အင်္ဂလိပ်ခေတ် ပုံစံအတိုင်း ကျန်ရှိနေသေးတဲ့ အဆောက်အအုံတွေကိုလည်း လေ့လာနိုင်ပါတယ်။