News

POST TYPE

PHOTO ESSAYS

ကျောက်မဲမြို့ ပုံရိပ် (Daily, Vol-7/No-2)
02-Apr-2019
ရှမ်းဘာသာဖြင့် ကုန်းမဟင်လံ မြန်မာဘာသာဖြင့် မည်းနက်သောကျောက်ဟု အမည်ရသည့် ကျောက်တောင်တန်းကြီးတစ်ခုကို အစွဲပြုမှည့်ဆိုထားသော ကျောက်မဲမြို့သည့် ရှမ်းပြည်နယ်အတွင်းရှိ အချက်အချာမြို့များထဲမှ မြို့တစ်မြို့ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၅၀၆ ပေတွင် တည်ရှိသော ကျောက်မဲမြို့သည် ရှမ်းပြည်မြောက်ပိုင်းရှိ မန္တလေး - လားရှိုး ရထားလမ်းမပေါ်တွင် အရေးကြီးသည့် မီးရထားလမ်းမြို့တစ်မြို့လည်းဖြစ်သည်။ ရှမ်း၊ ပလောင်နှင့်ဗမာများ စုစည်းနေထိုင်ကြသော ကျောက်မဲမြို့ကို ၁၉၀၂ ခုနှစ်တွင် မြို့အဖြစ် စတင်တည်ထောင်ခဲ့ပြီး မြို့တည်နှစ်မှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက်အများဆုံး ထွက်ရှိသည့်ဒေသကို ကျောထောနောက်ခံပြုထားသည့် ကျောက်မဲမြို့မှ မြင်ကွင်းအချို့ကို ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရဲပြည့်ဇာနည်

မြို့ကျက်သရေဆောင် စိန်ကျောက်တောင် ရပ်တော်မူဘုရားကြီး။

ကျောက်မဲမြို့အဝင် နန္ဒမာလာပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် လွတ်လပ်ရေးကျောက်တိုင်။

ကျောက်မဲ - မိုးကုတ်လမ်းမပေါ်ရှိ အောင်မြေသာယာ ငြိမ်းချမ်းရေးကုန်း ဘုရားကြီး။

ထင်ရှုးပင်များကြားက ထုံးဖြူဖွေးဖွေးဖြင့် စံပယ်တော်မူနေသည့် စန္ဒာမုနိစေတီ။

ကျောက်မဲအကျဉ်းသား ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းတစ်ခုတွင် ပါဝင်ခဲ့သည့် နာမည်ကျော် ကျောက်မဲမီးရထားဂုံးတံတား။

ပတ်ဝန်းကျင်ကျေးရွာများမှ ကိုရင်များ၊ ကျောင်းသားများ၏ အားကိုးရာ ဘုန်းတော်ကြီးသင်ကမ္ဘောဇရှမ်းကျောင်းကြီး။

စာအုပ်ရေပေါင်း ၆၀၀၀ ကျော်ရှိသည့် ခရိုင်စာကြည့်တိုက်။

မန္တလေး - လားရှိုး ရထားလမ်းကြောင်းတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကျောက်မဲရထားဘူတာ။

ကျောက်မဲမြို့လယ်ရှိ နှစ်တစ်ရာနီးပါးသက်တမ်းရှိသည့် ရှေးဟောင်း အိမ်တစ်လုံး။

ဆိုင်ကယ်ဈေးသည်များ အဓိက အားထားရသည့် နံနက်ခင်းဈေး။

ကျောက်မဲမြို့ရှိ လူလုပ်ငါးကန်။

ကျောက်မဲမြို့ ရှုခင်းကို အပေါ်စီးမှတွေ့ရစဉ်။