News

POST TYPE

PHOTO ESSAYS

သနပ်ခါးပွဲတော် (Daily, Vol-6/No-303)
01-Apr-2019
မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရားဝင်းအတွင်း၌ မြန်မာ့သနပ်ခါး စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ အသင်းကကြီးမှူး၍ သနပ်ခါးဈေးပွဲတော်နှင့် သနပ်ခါးလှပျိုမေပြိုင်ပွဲကို မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်ကြာ ကျင်းပလျက်ရှိရာ ယင်းသနပ်ခါးပွဲတော် ပုံရိပ်အချို့ကို ဖော်ပြအပ်ပါသည်။

ဓာတ်ပုံ-မောင်သန့်

သနပ်ခါးကို အမှုန့်ပြုလုပ်ကာ မိတ်ကပ်ကဲ့သို့ အသုံးပြုရသည့် မွှေးနံ့သာ များလည်း ထုတ်လုပ်ကြသည်။
မြန်မာ့သနပ်ခါးနှင့် သနပ်ခါး အသုံးပြု အလှကုန်ပစ္စည်းများကို ရောင်းချခြင်းများ၊ ခင်းကျင်းပြသမှုများ ပါဝင်သည်။

ပွဲတော်လာသူများကို ကလေး၊ လူကြီး၊ ယောက်ျား၊ မိန်းမ မရွေး သနပ်ခါး လိမ်းပေးမှုများလည်းရှိသည်။

သနပ်ခါးတုံး အရွယ်အစားအမျိုးမျိုးကို တွေ့မြင်နိုင်သည်။

ရှေးမြန်မာအမျိုးသမီးတို့၏ ဆံပင်ပုံစံ ဆံရစ်ဝိုင်းနှင့် မိန်းမငယ်တစ်ဦးကို ပွဲတော်တွင် တွေ့မြင်ရစဉ်။

သနပ်ခါးတုံး ရောင်းချသူတို့သည် သနပ်ခါးတုံး ဖြတ်တောက်ရာတွင် လက်ဆွဲလွှများကိုသာ အများဆုံး အသုံးပြုကြသည်။

မြန်မာ့သဘာဝ သနပ်ခါးတုံးများကိုလည်း စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်သည့် ဆိုင်များလည်းရှိသည်။