News

POST TYPE

PHOTO ESSAYS

လှိုင်သာယာတွင် မူးယစ်ဆေးဝါး ရောင်းချနေသူများကို ဖမ်းမိ
01-Jan-2019

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းကားလမ်းရှိ (၃) ထိပ်မှတ်တိုင်အနီးတွင် ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီက မူးယစ်ဆေးဝါးများ ရောင်းချနေသူ ဟု သတင်းရရှိထားသည့် အမျိုးသားနှစ်ဦးကို တားဆီးစစ်ဆေးရာမှ WY စိတ်ကြွဆေးပြားများကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းမိသူ အသက် ၁၈ နှစ်အရွယ်ရှိ ကျော်နန္ဒနှင့် စောကြီးတို့နှစ်ဦးထံမှ ဒေသပေါက်ဈေး ကျပ် ၁၀ သိန်း နီးပါးရှိ WY ဆေးပြား ၃၈၈ ပြား သိမ်းဆည်းရမိသောကြောင့် လှိုင်သာယာမြို့မ ရဲစခန်းက ၎င်းတို့နှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)/ ၂၁ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

အလားတူ ယင်းနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ အမှုကွင်းဆက်တွင်ပါဝင်သူ လှိုင်သာယာမြို့နယ်၊ ၁ ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် နေထိုင်သူ အသက် ၃၆ နှစ် ဒေါ်စန္ဒာထွန်းကို စစ်ဆေးရာမှ WY ဆေးပြား ၁၈၈ ပြားကို ထပ်မံသိမ်းဆည်းရမိသဖြင့် ယင်းအမျိုးသမီးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) ဖြင့် ထပ်မံ အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03