News

POST TYPE

PHOTO ESSAYS

တောင်သမန်အင်းစပ်တွင် ရှေးဟောင်းရုပ်တုများတွေ့
17-Oct-2018


မန္တလေး၊ အောက်တိုဘာ ၁၆

မန္တလေးမြို့တော် တောင်သမန်အင်းစပ်ရှိ တောင်မင်းကြီးဘုရားဝင်းအတွင်း ပန်းခြံပြုလုပ်ရန် မြေကျင်းတူးရာမှ ရှေးဟောင်းရုပ်တုများ တူးဖော်တွေ့ရှိခဲ့ကြောင်း တောင်မင်းကြီးဂေါပကအဖွဲ့ထံမှ သိရသည်။

တောင်မင်းကြီးဘုရားအနောက်ဘက်ခြမ်းတွင် ပန်းခြံပြုလုပ်ရန်မြေပြုပြင်မှုများပြုလုပ်နေရာ အောက်တိုဘာလ ၁၅ ရက်နေ့တွင် မြေကျင်းတူးရာမှ အုတ်ခုံအဝိုင်းတစ်ခု ပေါ်လာခဲ့ကြောင်း၊ အုတ်ခုံဝိုင်းအတွင်းမှ ရှေးဟောင်းရုပ်တု ၁၈ ခု တူးဖော်တွေ့ရှိခဲ့ကြောင်း၊ လက်ရှိတွင် မြေကျင်းတူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း တောင်မင်းကြီးဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးသန်းမြင့်က ပြောကြားသည်။

ရှေးဟောင်းရုပ်တုများတွေ့ရှိခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာရှေးဟောင်း သုတေသနဦးစီးဌာန၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို အကြောင်းကြားထားပြီး ရှေးဟောင်းရုပ်တုများ တွေ့ရှိရာနေရာကိုလည်း လုံခြုံရေးချပေးထားကြောင်း ၎င်းက ရှင်းပြသည်။

တောင်မင်းကြီးဘုရားသည် တောင်သမန်အင်းကမ်းစပ် ဦးပိန်တံတား၏ အနောက်ဘက်ထိပ်တွင်ရှိနေကာ မြန်မာသက္ကရာဇ် ၁၁၈၄ (ခရစ်နှစ် ၁၇၈၆) ခုနှစ်တွင် တောင်မင်းကြီး (ခေါ်) ဝန်ကြီး မဟာမင်းလှကျော်စွာ တည်ထားခဲ့ခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

M-05