News

POST TYPE

PHOTO ESSAYS

မီးပုံးလှလှ ထွန်းရအောင် (Daily, Vol-6/No-147)
30-Sep-2018
မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်ခုပါဝင်သော သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရန် နီးကပ်လာပြီဖြစ်သည်။ အဆိုပါပွဲတော်တွင် ဆီမီးထွန်းညှိပူဇော်သည့် မီးပုံးများ၊ ကစားစရာ မီးထွန်းအရုပ်များကို ပွဲတော်ကာလမတိုင်မီ ငါးလခန့် ကြိုတင်ပြုလုပ်ကြခြင်းဖြစ်ပြီး ယခုအခါဈေးကွက်သို့ တင်ပို့ရောင်းချနေပြီဖြစ်သည်။ အဆိုပါမြန်မာ့ရိုးရာ မီးပုံးများနှင့် မီးထွန်းအရုပ်များသည် ဝါးကိုအဓိကသုံး၍ ပြုလုပ်ရခြင်းဖြစ်ပြီး စက်ကိရိယာ အကူအညီမပါဘဲ လက်ဖြင့်သာ ပြုလုပ်ရခြင်းဖြစ်သည်။ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ အကွက် ၈၄၀ တွင် မြန်မာ့ရိုးရာ မီးပုံးနှင့်မီးထွန်း အရုပ်များ လုပ်ကိုင်ကြပုံအကြောင်း ရိုက်ကူးထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - အေးစုမွန်