News

POST TYPE

PHOTO ESSAYS

ကြွက်မုဆိုး(Daily, Vol-6/No-105)
12-Aug-2018

ရန်ကုန်မြို့တော်၏ လမ်းများ၊ ဈေး၊ အမှိုက်ကန်နှင့် ကန်ဘောင် အစရှိသည့်နေရာများတွင် ညပိုင်းမရောက်ခင်ကတည်းက လှုပ်လှုပ်ရွရွ ကြွက်များကို တွေ့ဖူးမြင်နေကြရသည်။ ယင်းကြွက်များကို နိမ်နှင်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးတွင် အင်အား ၅၀ ကျော်ရှိပြီး တောင်ဥက္ကလာမြို့နယ် နန္ဒဝန်ဈေးအတွင်း ကြွက်မုဆိုးနှစ်ဦး၏ ညပိုင်း ကြွက်ဖမ်းနေသော မြင်ကွင်းများဖြစ်သည်။

ဓာတ်ပုံ - မြင့်မိုးညို

ဈေးအတွင်းရှိ ကြွက်များကို ထောက်ချောက်ဆင်ပြီး ဖမ်းဆီးရန် ပြင်ဆင်နေတဲ့ ကြွက်မုဆိုးတစ်ဦး။

ဈေးအတွင်း လူခြေတိတ်ချိန်မှ သူတို့ရဲ့ ထောင်ချောက်ဆင်တဲ့လုပ်ငန်းတွေကို စတင်ရပါတယ်။

ဝါ သမ္ဘာအရ ကြွက်တွေရဲ့ ပြေးလမ်းတွေမှာ ထောင်ချောက်ဆင်ရပါတယ်။

ကြွက်တွေရဲ့အကြိုက်အစာဖြစ်တဲ့ ဆန်စေ့တွေကို ဖမ်းမယ့်နေရာမှာ ချပေးထားရပါတယ်။

တစ်ညတာအတွင်း ထောင်ချောက်မှာ ပထမဆုံး ညှပ်မိတဲ့ကြွက်။

လေးဂွနဲ့ ပစ်ဖမ်းမယ့် ကြွက်မုဆိုးရဲ့တည်ကြွက်။

ဘယ်လောက်ပဲဝေးဝေး ဘယ်ကြားကိုပဲရောက်ရောက် တစ်ချက် တစ်ကောင်းနှုန်းနဲ့ ပစ်ခတ်ဖမ်းဆီးနေတဲ့ ကြွက်မုဆိုး။

လက်တစ်ဖက်က ဓာတ်မီး၊ နောက်တစ်ဖက်က လေးဂွတစ်လက်နဲ့ ဈေးအတွင်းမှာ ကင်းလှည့်နေတဲ့ ကြွက်မုဆိုး။

မာန်ဖီသံဆိုးဆိုးနဲ့ အော်ဟစ်နေတဲ့ကြွက်ကြီးတွေက တည်ကြွက်အဖြစ် ပိုလုပ်ခံရပါတယ်။

ဈေးအတွင်းမှာ လုပ်ငန်းစတင်ပြီး မိနစ်ပိုင်းအတွင်းမှာ ဖမ်းမိထားတဲ့ ကြွက်တွေပါ။

ဖမ်းဆီးရမိတဲ့ကြွက်ကြီးတွေကို အကောင်လိုက် ဌာနကို ပြန်လည် အပ်နှံရပါတယ်။

ကြွက်မုဆိုးနှစ်ဦးရဲ့ ထောင်ချောက်ညှပ်၊ သားရေဂွတို့နဲ့ တစ်ညတာ ဖမ်းဆီးမိခဲ့တဲ့ ကြွက်အကောင်ရေက တစ်ရာနီးပါးရှိခဲ့ပါတယ်။