News

POST TYPE

PHOTO ESSAYS

ရေကြီးမှု မြင်ကွင်း ဓာတ်ပုံများ (Daily, Vol-6/No-93)
29-Jul-2018
မြန်မာနိုင်ငံတောင်ပိုင်းဒေသ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် စံချိန်တင်ရေကြီးမှုကြောင့် လူငါးသောင်းကျော်မှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ယာယီ ကယ်ဆယ်ရေးစခန်းများတွင် ရောက်ရှိလျက်ရှိသည်။ အဆိုပါဒေသများတွင် အဓိက ဆက်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကားလမ်းနှင့် ရထားလမ်းများမှာ ရေကြီးမှုကြောင့် ယာယီ ရပ်နားထားရသည်။ ရေဘေးအန္တရာယ် တွေ့ကြုံနေရသူများ၏ အခြေအနေကို ဖော်ပြအပ်ပါသည်။

ချောင်းရေ မြင့်တက်မှုနှင့် တာတမံကျိုးကျမှုကြောင့် ရေဝင်ရောက်မှု ဖြစ်ပေါ်ခဲ့သည့် ကျောက်ကြီးမြို့၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီကယ်ဆယ်ရေးဆောင်ရွက်

ရေဘေးသင့်ပြည်သူများကို ဘီးလင်းမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများသို့ ခေါ်ဆောင်လာစဉ်

ရန်ကုန်- မော်လမြိုင်လမ်း ဘီးလင်းမြို့ အဝေးပြေးလမ်း၌ ပိတ်မိနေသည့် ပြည်သူများကို တပ်မတော် ကယ်ဆယ်ရေးလှေဖြင့် တစ်ဖက်ကမ်းသို့ သယ်ပို့ပေးနေစဉ်

ရန်ကုန် - မန္တလေး ကားလမ်း ပဲခူးမြို့ ခေါင်းဆေးကျွန်း၊ ဇိုင်းဂနိုင်း စသောရပ်ကွက်များတွင် ရေကြီးနေမှု အခြေအနေ
ယခုနှစ်ရေကြီးမှုသည် နှစ်ပေါင်း ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်သည်ဟု ကရင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။ လှိုင်းဘွဲ့၊ မြဝတီမြို့၊ ဘားအံ၊ ရွှေဂွန်း၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်တို့၌ ဒေသခံတစ်သောင်းခွဲကျော် ရေဘေးတွေ့ကြုံနေရသည်။

ဘီးလင်းမြို့တွင် ရေကြီးမှု အခြေအနေကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ လာရောက်ကြည့်ရှုစဉ်

ဘီးလင်းမြို့နယ်နှင့် သထုံမြို့နယ်ကြားတွင် ပိတ်မိနေသော ခရီးသွားများ

ရွှေကျင်မြစ်ရေ မြင့်တက်လာမှုကြောင့် တရားမဝင် ရွှေတူးဖော်သည့်ဖောင်ကြီးများ မျောပါလာစဉ်

ရွှေကျင်မြို့အဝင် ကားလမ်း