News

POST TYPE

PHOTO ESSAYS

ရွှေဘိုမြို့ထောင့်စေတီပွဲ
02-Oct-2016 tagged as

ပူပြင်းခြောက်သွေ့တဲ့ အညာဒေသမှာ ကျင်းပတဲ့ ဘုရားပွဲတော် ဆိုတာ ပျော်ပွဲရွှင်ပွဲ တစ်ခုတည်းသာ မဟုတ်ပါဘူး။ မီးဖိုချောင်သုံး ပစ္စည်းကနေ အလှကုန်၊ အဝတ်အထည်တွေ သာမက လယ်ယာလုပ်ငန်းသုံး ပစ္စည်းတွေအထိ ဝယ်ယူရောင်းချကြတဲ့ ပွဲဈေးတစ်ခုပါ။ ကုန်းဘောင်မင်းဆက် စတင်ခဲ့ရာ ရွှေဘိုမြို့မှာ တော်သလင်း လပြည့်ကျော် ၁၀ ရက်ကစပြီး လကွယ်နေ့အထိ ကျင်းပခဲ့တဲ့ ရွှေဘိုမြို့ထောင့်စေတီပွဲတော် မြင်ကွင်းအချို့ကို ဖော်ပြလိုက်ရပါတယ်။

ရွှေဘိုမြို့ထောင့်စေတီပွဲတော်ကို ရွှေဘိုနယ် တစ်ခုတည်းမကဘူး လှတော၊ ဝက်လက်၊ ခင်ဦး၊ စစ်ကိုင်း၊ အရာတော် စတဲ့ နယ်တွေကပါ လာရောက်တဲ့အထိ စည်ကားလှပါတယ်။

ကျေးလက်က ဇာတ်ပွဲငတ်သူတွေအတွက် ဘုရားပွဲကို မျှော်နေကြရတာပါ။

သနပ်ခါး၊ ကျောက်ပျဉ်၊ ခေါင်းအုံးနဲ့ ဖျာပါမကျန် ဝယ်ယူလို့ရတဲ့ ပွဲဈေးပါ။

ရိုးရာအားကစားနည်း ဖြစ်တဲ့ ခြင်းအလှနဲ့ ခြင်းခတ်ပြိုင်ပွဲကို ရှုစားနိုင်ပါတယ်။

ဘုရားပွဲဆိုရင် မပါမဖြစ်တဲ့ သရေစာ မုန့်မျိုးစုံ ရောင်းချတဲ့ ဆိုင်တန်းတွေလည်း မနည်းလှပါဘူး။

ဝါးကနေ ယက်လုပ်တဲ့ ဆန်ကော၊ ဆန်ခါလည်း မကျန်စေရပါဘူး။

မီးဖိုချောင်သုံး ပစ္စည်းမျိုးစုံ တင်မက အိမ်ထောင်ပရိဘောဂတွေပါ စိတ်ကြိုက်ဝယ်ယူနိုင်ပါတယ်။


  • TAGS