News

POST TYPE

PHOTO ESSAYS

ငြိမ်းချမ်းရေးပုံရိပ်များ (Daily, Vol-6/No-81)
15-Jul-2018 tagged as

နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို နေပြည်တော်တွင် ဇူလိုင်လ ၁၁ ရက် မှ ၁၆ ရက်အထိ ကျင်းပလျက်ရှိသည်။ အဆိုပါ အစည်းအဝေးတွင် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများအပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များပါ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးမှ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA ထိုးပြီးသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ သီးသန့်တွေ့ဆုံစဉ် 
ဓာတ်ပုံ - State Counsellor

နိုင်ငံတော်အတိုင်ပင်ခံနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ KIA/KIO ၊ “ဝ”အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံစဉ်။
ဓာတ်ပုံ - UPC

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်မြောက်ပိုင်းမဟာမိတ်ခုနစ်ဖွဲ့မှ KIA/KIO ခေါင်းဆောင်ဂွန်မော်တို့ နှုတ်ဆက်စဉ်။
ဓာတ်ပုံ-တပ်ချုပ်ရုံး

အရေးပေါ်ဆေးကုသမှုခံယူနေသည့် “ဝ”အဖွဲ့ ခေါင်းဆောင်နှစ်ဦးကို တပ်ချုပ်က သွားရောက်တွေ့ဆုံ အားပေး
ဓာတ်ပုံ - တပ်ချုပ်ရုံး

နိုင်ငံခေါင်းဆောင် လေးဦးနှင့် ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်းကို ညီလာခံတွင် တွေ့ရစဉ်။
ဓာတ်ပုံ- အောင်ထက်

ညီလာခံတွင် စုပေါင်းဓာတ်ပုံရိုက်ရန် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးကို တပ်ချုပ်က နေရာညွှန်းနေစဉ်။
ဓာတ်ပုံ- အောင်ထက်

ပင်လုံညီလာခံသို့ တက်ရောက်သူများ လက်မှတ်ရေးထိုးစဉ်။
ဓာတ်ပုံ - UPC

  • TAGS