News

POST TYPE

PHOTO ESSAYS

ဓညဝတီပုံရိပ်များ (Daily, Vol-6/No-63)
24-Jun-2018

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးမြို့တို့နှင့် သမိုင်းဝင်စေတီပုထိုးများ၊ ရှေးဟောင်းအမွေအနှစ်များနှင့် သဘာဝ အလှအပ ပုံရိပ်အချို့ကို ကောက်နုတ်ဖော်ပြပါသည်။

ဓာတ်ပုံ - ခိုင်မင်းညို

ရခိုင်ဘုရင် မင်းဗာကြီးသည် သက္ကရာဇ် ၈၉၄ တွင် အနောက်ဘင်္ဂါ ၁၂ မြို့အား သိမ်းပိုက်အောင်မြင်တော်မူခြင်း အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့သော ရန်အောင်ဇေယျခေါ် သျှစ်သောင်းပုထိုးတော်မြတ်ကြီး။

ဓာတ်ပုံ - ခိုင်မင်းညို

စစ်တွေမြို့ ဗျူးပွိုင့်၏ ညနေခင်း နေဝင်ဆည်းဆာ။

ဓာတ်ပုံ - အောင်စိုး

မြောက်ဦးခေတ် မင်းဆက် ၁၇ ဆက်မြောက်ဘုရင် မင်းဖလောင်နှင့် မိဖုရားသျှင်လတ်တို့က အေဒီ ၁၅၇၁ ၌ ကျောက်သားဖြင့်တည်ဆောက်ကာ အတွင်းလိုဏ်တွင် ဘုရားများဖြင့်ကိုးကွယ်ခဲ့သော ထုက္ကန်သိမ်ပုထိုးတော်ကြီး။

ဓာတ်ပုံ - ခိုင်မင်းညို

ရခိုင်လူမျိုးတို့၏ ရက်ကန်းလုပ်ငန်းအား ရိုးရာမပျက် အသက်မွေးသည့် စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာသူ အမျိုးသမီးတစ်ဦး။

ဓာတ်ပုံ - ခိုင်မင်းညို

စစ်တွေမြို့၏ကြက်သရေဆောင် အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီးတွင် ချိတ်ဆွဲထားသော ရုပ်ထွင်းပန်းချီကား။

ဓာတ်ပုံ - အောင်စိုး

ကျောက်မြို့တော်ဟုခေါ်ကြသော ရခိုင်တို့၏ နောက်ဆုံးမြို့တော် မြောက်ဦးမြို့၌ ကျောက်ဆစ်ပန်းပုဖြင့် အသက်မွေးသူတစ်ဦး။

ဓာတ်ပုံ - ခိုင်မင်းညို

စစ်တွေမြို့၌ သဘာဝကမ်းခြေကျောက်များဖြင့်တည်ရှိသောပွိုင့်။
ဓာတ်ပုံ - အောင်စိုး

စစ်တွေမြို့၌ ကိုလိုနီအုပ်စိုးစဉ်ကာလက မြို့လယ်နေရာ (ယခု စစ်တွေမြို့မ ရဲစခန်းခြံဝင်းထဲ) နာရီစင်ဟောင်း။

ဓာတ်ပုံ - ခိုင်မင်းညို