POST TYPE

PHOTO ESSAYS

ရိဒ်ရေအိုင်နှင့် သဘာဝအလှ (Daily, Vol-6/No-39)

မြန်မာနိုင်ငံမှာ သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ တစ်ခုတည်းသော အသည်းနှလုံးပုံသဏ္ဌာန် ရေအိုင်ကို အလည်ရောက်ဖူးကြပြီလား။ ဒီအသည်းနှလုံး ပုံသဏ္ဌာန်ရှိတဲ့ ရိဒ်ရေအိုင်ဟာ ချင်းပြည်နယ်မြောက်ပိုင်းက တောင်တန်းမြင့်မြင့်ကြီးတွေအကြားမှာ တည်ရှိပါတယ်။ တောင်တန်းမြင့်မြင့်ကြီးတွေအကြား ချင်းပြည်နယ် ဖလမ်းခရိုင်အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်အနီးရှိ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၉၀၀ ကျော်မှာတည်ရှိတဲ့ ကမ္ဘာကျော် အသည်းနှလုံးပုံ ရိဒ်ရေအိုင်ကို ပုံဖော်ရိုက်ကူး တင်ဆက်လိုက်ရပါတယ်။ 

ငြိမ်းသူမင်း

ကမ္ဘာကျော် အသည်းနှလုံးပုံ ရိဒ်ရေအိုင်

မြန်မာဘက်ခြမ်း ချင်းပြည်နယ်ရှိ ရိခေါဒါရ်မြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်အတွင်းရှိ ဇိုးခွားထာမြို့ကို အပေါ်စီးမှ မြင်တွေ့ရစဉ်

ရိဒ်ရေအိုင်သို့ လာရောက် အပန်းဖြေသူများ

ရိခေါဒါရ်မြို့ကို ဖလမ်းမြို့ဘက်မှ သွားရောက်ရသည့် ရိခေါဒါရ်မြို့အဝင် ဆိုင်းဘုတ်

ပွင့်လင်းရာသီကာလ ရိဒ်ရေအိုင်သို့ လာရောက် အပန်းဖြေသူများ

မိဇိုရမ်ပြည်နယ်မှ လာရောက်လည်ပတ်နေကြသည့် မီဇိုးလူမျိုးများ

ရိခေါဒါရ်မြို့ နှင့် ဇိုးခွားထာမြို့အကြား မြန်မာ-အိန္ဒိယ နယ်စပ်တံတားမှတစ်ဆင့် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်သူများ

ရိခေါဒါရ်မြို့ နှင့် ဇိုးခွားထာမြို့အကြား မြန်မာ-အိန္ဒိယ နယ်စပ်တံတားမှတစ်ဆင့် အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွင်း လာရောက်လည်ပတ်သူများ